ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရုတ်၏ စီးပွားရေးအကျပ်ကိုင်မှု မြင့်တက်လာ

By ANI 
16 March 2023
ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တရုတ်၏ စီးပွားရေးအကျပ်ကိုင်မှု မြင့်တက်လာ

ကိုဗစ်ကပ်ရောဂါကြောင့် ဘဏ္ဍာရေးအခက်အခဲများနှင့် ရင်ဆိုင်နေရပြီးနောက် ဖွံ့ဖြိုးဆဲနိုင်ငံများစွာတွင် တရုတ် ၏ ကြီးထွားလာနေသော စီးပွားရေးနယ်ချဲ့မှုကြောင့် ကြွေးမြီပြန်ဆပ်ရမှုအကျပ်အတည်း ဖြစ်ပေါ်လျက်ရှိသည်။

တရုတ်သည် နိုင်ငံပေါင်းစုံအဖွဲ့အစည်းများကို ကျော်လွန်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကမ္ဘာ့အကြီး ဆုံးမြီရှင်ဖြစ်လာခဲ့ပြီး ကပ်ရောဂါစတင်ကတည်းက စီပွားရေးအရ ထိခိုက်လွယ်သည့်ဖွံ့ဖြိုးဆဲနိုင်ငံများအား ကြွေးမြီသက်သာခွင့်အစား အကြွေး ပြန်ဆပ်ရန် ဖိအားပေးခဲ့ကြောင်း Geopolitica က ဖော်ပြခဲ့သည်။

အထူးသဖြင့် အာဖရိကတိုက်၏သဘာဝအရင်းအမြစ်များအပေါ် သြဇာလွှမ်းမိုးနိုင်စေရန် ကြွေးမြီများ အလွန်အကျွံ ပေးအပ်ထားသည်။ တရုတ်သည် နှစ်ပေါင်းများစွာအတွင်း အာဖရိကနိုင်ငံများအတွက် အကြီးဆုံး မြီရှင်ဖြစ်လာ သည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း အင်ဂိုလာ၊ အီသီယိုးပီးယား၊ ကင်ညာ၊ ကွန်ဂိုသမ္မတနိုင်ငံ၊ ဂျီဘူတီ၊ ကင်မရွန်းနှင့် ဇမ်ဘီယာအပါအဝင် အာဖရိကနိုင်ငံ ၃၂ နိုင်ငံကျော်အတွက် အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် ချေးငွေများပေးခဲ့သည်။ 

အာဖရိကတွင် တရုတ်ကြွေးမြီ စုစုပေါင်း ဒေါ်လာ ၉၃ ဘီလီယံ ရှိပြီး လာမည့်နှစ်များတွင် ဒေါ်လာ ၁၅၃ ဘီလီယံအထိ ရှိလာမည်ဟု ခန့်မှန်းထားသည်။
အထူးသဖြင့် ဇမ်ဘီယာသည် တရုတ်၏ စီးပွားရေးအကျပ်ကိုင်မှု ခံနေရပြီဖြစ်ကြောင်း Geopolitica က ဖော်ပြသည်။

ဇမ်ဘီယာသည် ၂၀၂၀ ပြည့်နှစ်တွင် ၎င်း၏ အကြီးဆုံးမြီရှင်ဖြစ်သည့် တရုတ်ထံ အကြွေး ၁၇ ဘီလီယံပြန်ဆပ်ရန် ပျက်ကွက်ခဲ့ပြီး ကြွေးမြီသက်သာခွင့်ကို ရယူရန် ဂျီ-၂၀ အဖွဲ့ထံ တင်ပြရမည်ဖြစ်သော်လည်း တရုတ်က ကန့်ကွက်မှုကြောင့် ရပ်တန့်ထားရသည်။

အခြားအာဖရိကနိုင်ငံဖြစ်သည့် ကင်ညာမှာလည်း တရုတ်ထံမှ ချေးငွေယူထားမှုများကြောင့် သိသာထင်ရှားသော ပြည်တွင်း မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည်။ တရုတ်ကြွေးမြီများ တိုးလာခြင်းသည် ကင်ညာအတွက် ဆိုးရွားသော အကျိုးဆက်အချို့ကို ဖြစ်စေခဲ့သည်။

သီရိလင်္ကာနှင့် ပါကစ္စတန်ကဲ့သို့သော တောင်အာရှနိုင်ငံများသည် တရုတ်ကိုပေးရမည့် ကြွေးမြီဝန်ထုပ်ဝန်ပိုး အလွန်အကျွံများလာခြင်းကြောင့် စီးပွားရေးမတည်ငြိမ်မှုများနှင့် ရုန်းကန်နေရဆဲဖြစ်ကြောင်း Geopolitica က ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required