မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အီးယူက ကူညီပံ့ပိုး

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အီးယူက ကူညီပံ့ပိုး

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) များကို အကူအညီများ ပေးလျက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (အီးယူ)က ထုတ်ပြန်ပြောဆိုသည်။

အီးယူ၏ ‘ARISE Plus Programme’ အစီအစဉ်သည် စိုက်ပျိုးရေးကဏ္ဍရှိ SMEs များကို အကူအညီတချို့ ပေးအပ်ခဲ့သလို တောင်သူ ၆,၀၀၀ ကျော်အတွက် ၎င်းတို့၏ ဝင်ငွေနှင့် အသက်မွေးဝမ်းကျောင်းများကို ထောက်ကူရန် ပံ့ပိုးပေးထားခဲ့သည်။

အီးယူ အစီအစဉ်သည် ရေရှည်တည်တံ့သော စီးပွားရေးအတွက် နည်းပညာနှင့် ပြည်တွင်း SMEs များအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို  ပေးထားခဲ့သည်ဟု သိရသည်။

ထို့ပြင် ‘ARISE Plus Programme’ တွင် စိုက်ပျိုးရေး ထုတ်ကုန်များနှင့်ပတ်သက်ပြီး နိုင်ငံခြားကုန်သွယ်မှုအတွက် အခွင့်အလမ်းများလည်း ပါဝင်သည်။

မြန်မာသည် စိုက်ပျိုးရေးထုတ်ကုန်များ၊ ကော်ဖီ၊ ပဲအမျိုးမျိုးနှင့် သစ်သီးများကို အီးယူနိုင်ငံများထံ တင်ပို့ရာတွင် ကုန်သွယ်မှု အခွင့်အလမ်းများ ရသလို အဆိုပါ အီးယူနိုင်ငံများကလည်း မြန်မာ၏ တောင်ကုန်းဒေသများတွင် ဖြစ်ထွန်းသည့် Arabica ကော်ဖီကို ကြိုက်နှစ်သက်၊ စိတ်ဝင်စားမှု ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly