တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲရှိ ရှမ်းကိုးရွာပိုင် အောင်ချမ်းသာကျေးရွာ ခမောက်ငယ်ရွာ၊ ရွာသစ်ကျေးရွာနေ စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနှစ် အချိန်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်သတင်းပေးဟု နာမည်ထွက်နေသည့် ရွာသစ်ကျေးရွာနေ ရာအိမ်မှူး ဦးလင်းထွန်း (ခ) လင်းလင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးစိန်တို့ နှစ်ဦးကို ၎င်းတို့၏ နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သတင်းပေးဒလန်ဇနီးမောင်နှံ နှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ၏ တည်နေရာများ စခန်းများကို စကစတပ်အား လမ်းပြ သတင်းပေးမှုများ လုပ်ဆောင်နေခြင်း၊ ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်း စသည့် ပြုလုပ်မှုများကြောင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စာတည်း - သန့်ဇော်(သန်လျင်)