ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက သူ့အနေနဲ့ 'ပရောဂျက်တစ်ခု'လိုအပ်တယ်လို့ ပြော

ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက သူ့အနေနဲ့ 'ပရောဂျက်တစ်ခု'လိုအပ်တယ်လို့ ပြော
Photo: AFP

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီနဒင် ဇီဒန်းက သူ့အနေနဲ့ “ပရောဂျက်အသစ်တစ်ခု”ကို ရှာဖွေဖို့ အချိန်ရောက်ပြီလို့ ပြောပါတယ်။

အသက် ၅၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြဟာ ၂၀၂၁ ကတည်းက အလုပ်ကနေ ထွက်ခဲ့ရပြီး ကာတာကမ္ဘာ့ဖလားအပြီးမှာ ပြင်သစ်နည်းပြအဖြစ် တာဝန်ယူဖို့ စိတ်ကူးရှိခဲ့ပေမယ့်လည်း လက်ရွေးစင်အသင်းက ဒီဒီယာ ဒက်စ်ချမ့်ကိုသာ သက်တမ်းတိုးခဲ့ပါတယ်။

"ကျနော် တစ်ခုခုလုပ်ချင်တယ်၊ ပရောဂျက်တစ်ခုပေါ့။ ဒီရက်ပိုင်းတွေမှာ ကျနော် အားလပ်နေတယ်၊ ဒါပေမယ့် အချိန်ဘယ်လောက်ကြာကြာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တယ်ဆိုတာတော့ ကျနော် သေချာ မသိပါဘူး"လို့ ပြင်သစ်အသင်းနဲ့အတူ ၁၉၉၈ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့သူက ပြောပါတယ်။ နောက်ပိုင်း သူဟာ ရီးယဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလားသုံးကြိမ်အထိ ရယူနိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်။

“ကျနော့်ကို အလုပ်များနေစေဖို့ ကျနော် တစ်ခုခုလိုအပ်နေတယ်”လို့ လန်ဒန်ရှိ Alpine Formula One အသင်းရဲ့ ရာသီမိတ်ဆက်ပွဲမှာ ဇီဒန်းက ပြောဆိုခဲ့ပါတယ်။ Alpine ဟာ သူ့ကို သူတို့ရဲ့ တန်းတူအခွင့်အရေး သံတမန်အဖြစ် ခန့်အပ်ခဲ့တာပါ။

တိကျသေချာတဲ့ အစီအစဉ်မရှိတာကြောင့် ဇီဒန်းဟာ ဘရာဇီးအသင်းနည်းပြအဖြစ် ဒါမှမဟုတ် ပီအက်စ်ဂျီအသင်းမှာ ရလဒ်များဆိုးရွားခဲ့ပြီးနောက် လက်ရှိမန်နေဂျာ ခရစ္စတိုဖီ ဂယ်တီယာရဲ့ အနာဂတ်ကို မေးခွန်းထုတ်မှုတွေအပါအဝင် နည်းပြရာထူးများစွာဖြင့် မလွှဲမရှောင်သာ ချိတ်ဆက်ခံနေပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required