အာဆီယံစစ်ခေါင်းဆောင်များ ဗီယက်နမ်တွင် စည်းဝေး

အာဆီယံစစ်ခေါင်းဆောင်များ ဗီယက်နမ်တွင် စည်းဝေး
လာအိုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Souvone Luongbounmi အား ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်တန်ဒေါင်း ကြိုဆိုစဉ်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်နှင့် အလှည့်ကျဥက္ကဌနေရာယူထားသူ လာအိုတို့ ပါဝင်သည့် အာဆီယံဆယ်နိုင်ငံကြား ပူးပေါင်းမှုနှင့် ယုံကြည်မှု ခိုင်မာရေး လုပ်ငန်းစ်များ ဆွေးနွေးရန် မတ် ၁၄ ရက် ဗီယက်နမ်တွင် အာဆီယံနိုင်ငံများမှ စစ်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၁၆-၁၈ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ထောက်လှမ်းရေးချိတ်ဆက်မှုများအကြောင်းကို ဆွေးနွေးခဲ့သည်။

အစည်းအဝေးအဖွင့်တွင် လာအိုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Souvone Luongbounmi က ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးတွင် အာဆီယံအသိုက်အဝန်း တည်ထောင်ရေးဖိုရမ်၏ အရေးပါမှုအား ဦးစားပေးပြောကြားခဲ့သည်။

စိန်ခေါ်မှုများရှိလင့်ကစား ယင်းဖိုရမ်က အကျိုးအမြတ်များ ရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သို့သော် အာဆီယံဒေသတွင်း၌ နယ်မြေဒေသများ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးတို့ကို အလျင်ဦးစွာ အဆောတလျင်ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required