ကလေးမြို့ အဝင်၊အထွက်လမ်းများ ကာကွယ်ရေးတပ်ဖွဲ့ ယာယီပိတ်

By ပါခွီး(မဇ္စျိမ)
01 December 2023
ကလေးမြို့ အဝင်၊အထွက်လမ်းများ ကာကွယ်ရေးတပ်ဖွဲ့ ယာယီပိတ်

စစ်ကိုင်းတိုင်း ၊ ကလေးမြို့သို့ ဝင်ထွက်နိုင်သည်  မြို့တောင်ဘက် နှင့် မြောက်ဘက်ရှိ လမ်းများကို ယာယီပိတ်ပင်လိုက်ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စစ်ဒေသရဲ့ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အသိပေးပြီး ရပ်ရွာကနေတဆင့် ပြည်သူများကို အသိပေးထားပါတယ် ။  စစ်ရေးအရ အဝင်အထွက်ကို ယာယီပိတ်တာပါ” ဟု ၎င်းက မဇ္စျိမကို ပြောသည်။

ကလေးမြို့ပေါ်မှ ကလေးမြို့နယ်တောင်ဘက်သွားသည့် ကလေး - ဂန့်ဂေါလမ်းမ၊ ကလေး - လက်ပံချောင်းလမ်းနှင့် ကလေးတမူးလမ်းမကြီးတွသ် သွားလာခွင့်  ပိတ်ပင်ထားခြင်း ဖြစ်ကြောင်းဆိုသည်။

မြို့တွင်းမှစစ်ရှောင်လိုသူများအနေဖြင့် ကြေညာထားသည့် ယာယီ လမ်းပိတ်ခြင်းပြီးဆုံးချိန် ရက်အနည်းငယ်အကြာမှ ထွက်ခွာသင့်ကြောင်း ကလေး PDF တပ်ဖွဲ့ ဝင်တဦးကအကြံပြုသည်။

ကလေးမြို့နယ်အတွင်း တိုက်ပွဲများအရှိန်မြှင့်တော့မည်ဖြစ်သဖြင့် စစ်ကောင်စီတပ်စခန်းအနီးနေ ပြည်သူများ ရှောင်တိမ်းကြရန် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က နိုဝင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနောက် မြို့မှ ဒေသခံအချို့ တိမ်းရှောင်‌ေနကြပြီး အချို့မှာ တပ်စခန်းအနီးမှ ဝေးရာ အခြားရပ်ကွက်များသို့ ပြောင်းရွှေ့ကာ  ‌ေနအိမ်များတွင်သာ လုံခြုံစွာနေနိုင်ရန် စီစဥ်‌ေနသူများ ရှိကြောင်း သိရှိရသည်။

ထိုသို့ သတိပေးပြီးနောက်  စစ်ကောင်စီတပ်သည်  မြို့အဝင်အထွက်လမ်းများကို ပိတ်ပင်ထားခဲ့ပြီး မြို့တွင်းအစစ်အဆေးတင်းကျပ်ကာ တပ်စခန်းအနီးနားရှိ နေအိမ်မှသူများကို မရှောင်တိမ်းကြရန်နှင့် အကယ်၍ရှောင်တိမ်းပါက နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက်ကြောင်း ကလေးမြို့ခံတစ်ဦးကပြောသည်။

ကလေးမြို့နယ်အတွင်းရှိကာကွယ်ရေးတပ်ဖွဲ့များကလည်း  စစ်ရှောင်ပြည်သူများကို  အကူအညီများပေးအပ်သွားရန်ပြင်ဆင်ထားကြောင်းသိရသည်။

ဒီဇင်ဘာ၁ရက် ယနေ့နံနက်၅နာရီအချိန်မှစ၍ စစ်ကောင်စီတပ်က လက်နက်ကြီး များ ပစ်ခတ်၍ စစ်ကြောင်းထိုးလာနေသဖြင့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေမှုများရှိ နေပြီး ပြည်သူများအတတ်နိုင်ဆုံး မြို့အပြင်သို့မထွက်ကြရန် ကလေး PDF တပ်ဖွဲ့ ဝင်တဦးက ဆိုသည်။

ကလေးမြို့တောင် -မြောက်အဝင်အထွက်လမ်းများအပြင် ချင်းပြည်နယ်သို့ အဝင်လမ်းများကိုလည်း အများပြည်သူလုံခြုံရေးအရ ခေတ္တပိတ်ပင်ထားကြောင်း CDF/CDM Siyin နိုဝင်ဘာ ၂၇ရက်နေ့ကထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly