အကြမ်းဖက်သမားများကို အကာအကွယ်ပေးနေသည့် ပါကစ္စတန်ကို နေတိုးအဖွဲ့ဝင်မဟုတ်သော မဟာမိတ်အဖြစ် အမေရိကန်က ဆက်လက်သတ်မှတ်

အကြမ်းဖက်သမားများကို အကာအကွယ်ပေးနေသည့် ပါကစ္စတန်ကို နေတိုးအဖွဲ့ဝင်မဟုတ်သော မဟာမိတ်အဖြစ် အမေရိကန်က ဆက်လက်သတ်မှတ်

အမေရိကန်သည် အကြမ်းဖက်သမားများကို အကာအကွယ်ပေးလျက်ရှိသော ပါကစ္စတန်ကို နေတိုးအဖွဲ့ဝင်မဟုတ်သည့် မဟာမိတ်နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ထားဆဲဖြစ်သည်။

မွမ်ဘိုင်းမြို့တွင် ၂၀၀၈ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပြီးနောက်ပိုင်း နိုင်ငံတကာ၏ ဝေဖန်မှုနှင့် ဖိအားပေးမှုများ ရှိလာချိန်တွင် ပါကစ္စတန်အာဏာပိုင်တို့သည် လက်အောက်ငယ်သား အကြမ်းဖက်အဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့နောက် နိုင်ငံတကာ၏အာရုံစိုက်မှုက တခြားနေရာများသို့ ရောက်ရှိသွားချိန်တွင် ပါကစ္စတန်အစိုးရက အမှုစစ်ဆေးမှုနဲ့ နိုင်ငံတကာဥပဒေစိုးမိုးရေးတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ရပ်တန့်ခဲ့သည်။

ပါကစ္စတန်အာဏာပိုင်တို့သည် အကြမ်းဖက်တိုက်ခိုက်မှုများကို စီစဉ်ခဲ့သည့် လက်ရှ်ကာ-အီ-တိုင်ဘာ အဖွဲ့၏ အကြီးပိုင်းခေါင်းဆောင်များကို အရေးယူခဲ့ခြင်းမရှိပေ။

ထို့ပြင် ပါကစ္စတန်သည် မွမ်ဘိုင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် အကြမ်းဖက်သမားများကို ဆက်လက် အကာအကွယ်ပေးထားဆဲ ဖြစ်ကြောင်း The National Interest က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly