Toronto K-Pop Con 2106 တွင် ဖျော်ဖြေသွားမည်ဟု GFRIEND ကတိပြုပြော

Toronto K-Pop Con 2106 တွင် ဖျော်ဖြေသွားမည်ဟု GFRIEND ကတိပြုပြော

ဆိုးလ်၊ မတ် ၅ ။         ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့  GFRIENDအဖွဲ့သည်  Toronto K-Pop Con 2016  တွင် ပါဝင်ဖြေဖျော်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

GFRIEND အဖွဲ့သည်  Metro Toronto ကွန်ဗင်ရှင်းစင်တာတွင် မေ ၂၁ ရက် ညနေ ၄ နာရီအချိန်တွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ  Poo! Goes The World! က ပြောကြားသည်။

ယင်းဖျော်ဖြေမှုသည်  မြောက်အမေရိကတွင်  GFRIEND ၏ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ ဖြစ်လာမည်ဖြစ်သည်။GFRIEND အဖွဲ့သည် ပြီးခဲ့သည့်နှစ်က “ Me Gustas Tu” တေးသီချင်းဖြင့် ကျော်ကြားမှု ရရှိလာပြီးနောက်ပိုင်း ခိုင်မာတောင့်တင်းသည့် အမျိုးသမီးအဆိုတော်အဖွဲ့ဖြစ်လာခဲ့ပြီး မကြာသေးမီက တေးဂီတဇယားတွင် ထိပ်ဆုံးမှရပ်တည်ခဲ့သော  “ Rough” တေးသီချင်း ဖြင့် ဆု  ၁၅ ဆု ဆွတ်ခူးနိုင်ခဲ့သည့်အပြင် ခိုင်မာသောနိုင်ငံတကာပရိတ်သတ်တွေက ဆွဲဆောင်နိုင်ခဲ့သည်။

လက်မှတ် နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို မတ်၇ရက်တွင် ထုတ်လွှင့်သွားမည်ဖြစ်ပြီး Pop! Goes The World အဖွဲ့ဝင်များအတွက် လက်မှတ်များကို မတ် ၁၁ ရက် အရှေ့ပိုင်းစံတော်ချိန် ညနေ ၅ နာရီအချိန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး အများပြည်သူများအတွက် လက်မှတ်များကို မတ်၁၂ ရက် အရှေ့ပိုင်းစံတော်ချန် ညနေ ၅ နာရီအချိန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required