လီရွိုင်းဆာနေး ဂျပန်နဲ့ ကစားမယ့် ဂျာမနီအသင်းရဲ့ အဖွင့်ပွဲစဉ်ကို လွဲချော်

လီရွိုင်းဆာနေး ဂျပန်နဲ့ ကစားမယ့် ဂျာမနီအသင်းရဲ့ အဖွင့်ပွဲစဉ်ကို လွဲချော်

ဂျာမနီတောင်ပံကစားသမား လီရွိုင်းဆာနေးဟာ ဒူးဒဏ်ရာကြောင့် ဂျပန်နဲ့ကစားမယ့် သူ့အသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။

ဂျာမန်ဘောလုံးအဖွဲ့ချုပ် (DFB) က ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လွဲချော်မှုကို အင်္ဂါနေ့က Twitter ကနေတစ်ဆင့် အတည်ပြုခဲ့ပါတယ်။

မန်ချက်စတာစီးတီးတောင်ပံကစားသမားဟောင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဂျပန်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် ဂျာမနီရဲ့ နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်ဖြစ်တဲ့ အင်္ဂါနေ့က လေ့ကျင့်ရေးကို လွဲချော်ခဲ့ပါတယ်။

ဆာနေးရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ DFB က အသေးစိတ် ပြောကြားထားတာ မရှိပါဘူး။

ဆာနေးဟာ ဘိုင်ယန်မြူးနစ်အတွက် ပုံစံကောင်းနဲ့ ဒီရာသီ ပြိုင်ပွဲစုံ ၁၉ပွဲ ကစားပြီး ၁၀ ဂိုး သွင်းယူကာ ၆ ဂိုး ဖန်တီးမှု ပြုလုပ်ထားပါတယ်။

မန်နေဂျာ ဟန်ဆီဖလစ်ရဲ့ ကျန်ရှိတဲ့ ဂျာမနီအသင်းသား ၂၆ ဦးဟာ အင်္ဂါနေ့မှာ လေ့ကျင့်ခဲ့ပြီး သူတို့ဟာ ပွဲစဉ်ရက်အတွက် ရွေးချယ်ထားတဲ့ ကစားသမားတွေဖြစ်ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly