ဆောင်းရာသီ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားသမားအများစု ဆန့်ကျင်တယ်လို့ FIFPRO ပြော

ဆောင်းရာသီ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားသမားအများစု ဆန့်ကျင်တယ်လို့ FIFPRO ပြော

ပြီးခဲ့သည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှ ကစားသမားအများစုဟာ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ဘောလုံးပြိုင်ပွဲကို ထပ်မံကျင်းပဖို့ မလိုလားကြကြောင်း နိုင်ငံတကာပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (FIFPRO) က ကြာသပတေးနေ့က ပြောပါတယ်။

ဥရောပကလပ် ရာသီအလယ်မှာ ကျရောက်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ကစားသမားတွေအတွက် တိုတောင်းတဲ့ ပြင်ဆင်မှုနဲ့ ပြန်လည် ထူထောင်ရေး အချိန်တွေကို ကိုးကားပြီး FIFPRO က ကောက်ယူခဲ့တဲ့ စစ်တမ်းဟာ ဇန်နဝါရီမှာ ကစားသမားတွေ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အတွက် စိုးရိမ်စရာတွေကို မီးမောင်းထိုးပြခဲ့ကြောင်း ဆိုပါတယ်။

ပြင်သစ်နောက်ခံလူ ဗရန်းဟာ အသက် ၂၉ နှစ်အရွယ်မှာ သူ့ရဲ့နိုင်ငံအသင်းကစားသမားဘဝကို အဆုံးသတ်ဖို့ ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့တာဟာ သတိပေးလက္ခဏာတစ်ရပ်ဖြစ်ကြောင်း FIFPRO အထွေထွေအတွင်းရေးမှူး Jonas Baer-Hoffmann က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်တို့ ဒီလိုဆက်လုပ်နေရင် သူနောက်ဆုံးအနားယူသွားတဲ့ ကစားသမားမဖြစ်မှာ ကျနော်ကြောက်မိပါတယ်"လို့ Baer-Hoffmann က ပြိုင်ပွဲအသစ်တွေထဲ ပိုများတဲ့ အသင်းအရေအတွက် ထည့်ပေါင်းပြီး လက်ရှိအသင်းတွေနဲ့ ကစားပွဲတွေကို ပိုများလာစေတဲ့ ဘောလုံးကစားခြင်းပြက္ခဒိန်ကို ကိုးကားပြီး ပြောကြားခဲ့တာပါ။

FIFPRO က ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကစားသမားတွေကို အနာဂတ် ပြိုင်ပွဲတွေ ကျင်းပတဲ့အခါမှာ ဘယ်လိုမျိုးပုံစံ ပိုနှစ်သက်သလဲ တောင်းဆိုခဲ့ပါတယ်။ ၁၁ ရာခိုင်နှုန်းကသာ နိုဝင်ဘာကနေ ဒီဇင်ဘာကို ပြောခဲ့ပြီး ၆၄ ရာခိုင်နှုန်းက ဇွန်ကနေ ဇူလိုင်လရဲ့ ပုံမှန်ကျင်းပနေကျအတိုင်း ပိုနှစ်သက်သတယ်လို့ ဖြေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required