တရုတ်က ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံမတိုင်မီ ထိုင်ဝမ်ဝန်းကျင်သို့ စစ်လေယာဉ် ၁၁ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်း စေလွှတ်

By Taiwan News
15 October 2022
တရုတ်က ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံမတိုင်မီ ထိုင်ဝမ်ဝန်းကျင်သို့ စစ်လေယာဉ် ၁၁ စင်းနှင့် ရေတပ်သင်္ဘော ၄ စင်း စေလွှတ်

တရုတ်ကွန်မြူနစ်ပါတီ၏ ၂၀ ကြိမ်မြောက် အမျိုးသားညီလာခံမတိုင်မီ တစ်ရက်အလို အောက်တိုဘာ ၁၅ ရက် ညနေ ၅ နာရီခန့်၌ ထိုင်ဝမ်ဝန်းကျင်တွင် တရုတ်စစ်တပ်မှ လေယာဉ် ၁၁ စင်းနှင့် သင်္ဘော၄ စင်းကို ခြေရာခံမိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်လေတပ် (PLAAF) မှ လေယာဉ် ၁၁ စင်းအနက် Shenyang J-11 တိုက်လေယာဉ် ၂ စင်းသည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ၏ အနောက်တောင်ဘက်သို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက တွစ်တာတွင် ရေးသားခဲ့သည်။

ထိုင်ဝမ်စစ်တပ်သည် ကျုးကျော်မှုများကို ပုံမှန်တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ကင်းလှည့်လေယာဉ် (CAP) နှင့် ရေတပ်သင်္ဘောများကို စေလွှတ်ခဲ့သလို တရုတ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် မြေပြင်အခြေစိုက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ တပ်ဖြန့်ခဲ့ပြီး ရေဒီယိုသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် ကွန်မြူနစ်ပါတီ၏အမျိုးသားညီလာခံသည် ရှီကျင့်ဖျင်အား ပါတီခေါင်းဆောင်အဖြစ် နောက် ၅ နှစ်အတွက် ထပ်မံရွေးချယ်မည်ဟု မျှော်လင့်ရသည်။

ရှီသည် ထိုင်တမ်ပေါ် ရန်လိုသော သဘောထားများ ပျော့ပျောင်းသွားမည့်ပုံမပေါ်သလို လွတ်လပ်သော ဒီမိုကရေစီစနစ်ကျင့်သုံးသည့်ထိုင်ဝမ်ကို ပစ်မှတ်ထားသည့် စီမံချက်အသစ်များ ချမှတ်ခြင်း ရှိ မရှိ လေ့လာသူများက စောင့်ကြည့်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly