Birt Awards ဆုပေးပွဲတွင် ဆုလေးဆု ဆွတ်ခူးခဲ့တဲ့ အဒဲလ်

Birt Awards ဆုပေးပွဲတွင် ဆုလေးဆု ဆွတ်ခူးခဲ့တဲ့ အဒဲလ်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ O2 အားကစားခန်းမတွင် ၂၄ ရက်ညနေက ကျင်းပပြုလုပ်သော Birt Awards ဆုပေးပွဲတွင် ဗြိတိန်အဆိုတော် အဒဲလ်သည် တစ်နှစ်တာ အကောင်းဆုံးတေး အယ်လ်ဘမ် ဆု အပါအဝင် ဆုလေးဆုကို ဆွတ်ခူးခဲ့သည်။

အဒဲလ်သည် အကောင်းဆုံး ဗြိတိန်အမျိုးသမီး အဆိုတော်ဆု၊ အကောင်းဆုံး ဗြိတိန်တစ်ကိုယ် တော်ဆု၊ “BRITs Global Success” ဆုတို့ကို ရရှိခဲ့သည်။ အဒဲလ်သည် Birt Awards ဆုပေးပွဲအခမ်း အနားတွင် ဆုတစ်ဆုထက် ပိုမိုရရှိခဲ့သည့် တစ်ဦးတည်းသော အနုပညာရှင် ဖြစ်သည်။ အဒဲလ်၏ ”25” တေးသီချင်းအယ်လ်ဘမ်သည်  နိုဝင်ဘာလက ထွက်ရှိခဲ့ခြင်းကြောင့် ဂရမ်မီဆု ဆန်ခါတင်စာရင်း တွင် ပါဝင်ခဲ့ခြင်း မရှိပေ။

“ကျွန်မ အချိန်အကြာကြီးနေမှ ဂီတလောကထဲ ပြန်လာတဲ့အခါ အခုလိုနွေးထွေးတဲ့ ကြိုဆိုမှု ကိုရတာ ကျေးဇူးတင်ပါတယ်။ Birt Awards ဆုပေးပွဲမှာ အကောင်းဆုံး ဗြိတိန်အမျိုးသမီးဆုကို ပထမဆုံး ရရှိတဲ့အတွက် အရမ်း ကျေးဇူးတင်ပါတယ်” ဟု အဒဲလ်က ပြောကြားခဲ့သည်။

ဂျိမ်းစ်ဘေသည် အကောင်းဆုံးအမျိုးသားဆုကိုရရှိခဲ့ပြီး သြစတြေးလျတေးဂီအဖွဲ့ Tame Impala သည် အကောင်းဆုံး နိုင်ငံတကာအဖွဲ့ဆုကို ရရှိခဲ့သည်။ ကနေဒါအဆိုတော် ဂျက်စတင်ဘီ ဘာသည် အကောင်းဆုံးနိုင်ငံတကာ အမျိုးသားအဆိုတော်ဆုကို ရရှိခဲ့သည်။ One Direction အဖွဲ့ သည် “Drag Me Down” တေးသီချင်းဖြင့် အကောင်းဆုံး ဗီဒီယိုဆုကို ဆွတ်ခူးခဲ့သည်။

Birt Awards ဆုပေးပွဲသည် ဗြိတိန်တေးဂီတလုပ်ငန်း၏ သြဇာတိက္ကအရှိဆုံး ဆုပေးပွဲ အခမ်းအနားဖြစ်ပြီး ၁၉၈၂ ခုနှစ်မှစတင်ကာ နှစ်စဉ် ကျင်းပပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly