ဒဏ်ရာရလာသည့် ကချင်ဘိန်းဖျက်အဖွဲ့ဝင်များကို မြစ်ကြီးနားဆေးရုံသို့ ပို့

ဒဏ်ရာရလာသည့် ကချင်ဘိန်းဖျက်အဖွဲ့ဝင်များကို မြစ်ကြီးနားဆေးရုံသို့ ပို့

ချင်းမိုင်၊ ဖေဖော်ဝါရီ ၂၅ ။             ။ ဘိန်းစိုက်ပျိုးသူများက သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူထုအခြေပြု ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ နှစ်ဖွဲ့မှ ဒဏ်ရာပြင်းထန်သူ ၇ ဦး ကို မြစ်ကြီးနားဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးနေကြောင်း ဆရာ အင်ခွမ်တန်ဂွန်းက ဆိုသည်။ မွန်းလွဲ ၂ နာရီချိန်တွင် ဝါရှောင်သို့ရောက်ရှိ နေပြီ ဖြစ်ကြောင်း ပြောရေးုဆိုခွင့်ရှိသူ ဆရာ အင်ခွမ်တန်ဂွန်းက ပြောသည်။

“ခုဆင်းလာတဲ့လူက ၇ ဦးရှိတယ်။ ဗိုက်မှာ ပစ်ခတ်ခံရတဲ့လူတွေ ရှိတယ်။ ခုဝါရှောင်ရောက်နေပြီ”ဟု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာအင်ခွမ်တန်ဂွန်းက ပြောသည်။

လူနာများသည် လည်ပင်း၊ ပခုံးထိမှန်သည့် လူနာများသည် ဒဏ်ရာပြင်းထန်ကြောင်း သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဒဏ်ရာ ပြင်းထန်သဖြင့် ကား ၃ စီးဖြင့် မြစ်ကြီးနားဆေးရုံသို့ လူနာများအား သယ်ဆောင်နေခြင်းအခင်းဖြစ်ပွားသည့် နေရာမှ လူနာများ သယ်ဆောင်လာသော ဆရာ ဒိုင်ဇောင်းက ပြောသည်။

အစိုးရဘက်မှ လုံခြုံရေး လိုက်ပါပေးနေသော ရဲတပ်ဖွဲ့များကလည်း ထွက်ပြေးတိမ်းရှောင်သွားသဖြင့် မူးရစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များ ထိခိုက်ဒဏ်ရာရရှိမှု များပြားရခြင်း ဖြစ်သည်ဟု သူက ဆက် ပြောသည်။

“အခြေအနေတော့ တော်တော်ဆိုးပါတယ်။ ဒဏ်ရာက သေနတ် အကောင်းနဲ့ထိမှန်တော့ ပြင်းထန်တယ်သူတို့က လက်နက် အကောင်းတွေ ကိုင်တယ်။ အစိုးရဘက်က လုံခြုံရေးတပ်ဖွဲ့တွေလည်း ထွက်ပြေးသွားပါတယ်။ ရဲတွေ ပါလာတယ်။ မဖြစ်ခင် ကတည်းက သူတို့က ရှောင်ထွက်သွားပါတယ်။ အဲဒါကြောင့် ပိုပြီး ထိခိုက်တာ များပါတယ်ခင်ဗျ”ဟု သူက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက် နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် ဆဒုံးမှ ၄၅ မိနစ်ခန့်သွားရသော မဂါးကျေးရွာတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ ၂ နှင့် အဖွဲ့ ၄ တို့ တိုက်ခိုက်ခံရသဖြင့် လူတစ်ချို့ တောထဲတွင် ပျောက်ဆုံးနေသဖြင့် လူအင်အား ပြန်ဖြည့်တင်းနေသည်ဟု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က တာဝန်ခံ ဆရာဆန်လီက ယနေ့ နံနက်ပိုင်းက မဇ္ဈိမကို ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်က ဝိုင်းမော်မြို့နယ် ဆံဒုံ၊ ချီဖွ လမ်းဆုံမှ လူအင်အား ၂၀၀၀ ကျော်တွင် အဖွဲ့ ၆ ဖွဲ့ခွဲ၍ စတင်ထွက်ခွာခဲ့ရာခြင်းဖြစ်သည်။ အဖွဲ့တစ်ဖွဲ့လျှင် လူ အင်အား ၃၀၀ ကျော် ပါဝင်ပြီး ယနေ့ တိုက်ခိုက်ခံရသည့် အဖွဲ့နှစ်ဖွဲ့တွင် အင်အား ၆၀၀ ကျော် သွားရောက်ခဲ့ရာ ဘိန်းခင်းပိုင်ရှင်များက တားဆီး ပစ်ခတ်ခံရခြင်း ဖြစ်သည်။

ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းနိုင်က ယနေ့ကျင်းပသော ပြည်သူ့လွတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly