တရုတ်သည် စနစ်ကျသော စီးပွားရေး ပြိုင်ဘက် ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ပြောကြား

တရုတ်သည် စနစ်ကျသော စီးပွားရေး ပြိုင်ဘက် ဖြစ်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ပြောကြား

တရုတ်သည် စနစ်ကျသည့် စီးပွားရေး ပြိုင်ဘက်ဖြစြ်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောကြားခဲ့ကာ ဥရောပသမဂ္ဂသည် ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်သော အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်က ဆက်လက်ပါဝင်ရန် ဥရောပသမဂ္ဂက ဆက်လက်အားပေးသွားမည်ဟု ထပ်လောင်း ပြောကြား ခဲ့သည်။

“ဥရောပနဲ့ အာရှအတွက် ဒါက ဘာကိုဆိုလိုတာလဲဆိုတာကို သုံးသပ်မယ်ဆိုရင် ရုရှားနဲ့ တရုတ်တို့က အတား အဆီးမဲ့သဘောတူညီချက်ကို ဖော်ဆောင်နေပါတယ်” ဟု တရုတ်နှင့် ရုရှားကို သွယ်ဝိုက်၍ ဥရောပ ကော်မရှင် ဥက္ကဌက ပြောကြားခဲ့သည်။

ရုရှားနဲ့ တရုတ်တို့က မိတ်ဆွေဖြစ်မှုသည် အကန့်အသတ်မရှိကြောင်း၊ တားမြစ်ထားသော ပူးပေါင်းဆောင်ရွက် မှု နယ်ပယ်များမရှိကြောင်း ကြေညာခဲ့သည်။ အဲဒါက ဒီနှစ်ဖေဖော်ဝါရီလမှာ ဖြစ်ခဲ့ပါတယ်။ နောက်တော့ ယူကရိန်းကို ကျူးကျော်ခဲ့ပါတယ်” ဟု သူမက ဆိုသည်။

'ဥရောပမှာ၊ ရုရှားရဲ့ ရန်လိုမှုက ကျွန်မတို့အတွက်တော့ လုံခြုံရေးဆိုင်ရာ တိုက်ရိုက်ခြိမ်းခြောက်မှုတစ်ခုလို့ ရှု့မြင်ပါတယ်'ဟု သူမက ပြောကြားခဲ့သည်။

''ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်တဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ သက်ဆိုင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ရန် တရုတ်အစိုးရကို ဆက်လက်တိုက်တွန်းသွားမှာပါ။ ဥရောပသမဂ္ဂနဲ့ တရုတ်ကြားက ဆက်ဆံရေးက မဟာဗျူဟာမြောက် အရေးကြီးပြီး စိန်ခေါ်နေပါတယ်။ တပြိုင်နက်တည်းမှာ တရုတ်က စေ့စပ်ညှိနှိုင်းရေး မိတ်ဖက်၊ စီးပွားရေးပြိုင်ဖက်ဖြစ်ပြီး စနစ်ကျတဲ့ပြိုင်ဘက်လဲဖြစ်ပါတယ်” ဟု ဆက်လက်ပြောကြား သည်။

၂၀၂၂ ခုနှစ် Raisina ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ ပြည်ပရေးရာဝန်ကြီး ဂျိုင်းရှန်ကာ၊ ဥရောပကော်မရှင်ဥက္ကဌနှင့် အခြားဂုဏ်သရေရှိ ပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက Observer Research Foundation (ORF) နှင့် ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly