“Roem” အမှတ်တံဆိပ် မျက်နှာ သစ်မော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ပက်ခ်ရှင်ဟေး

“Roem” အမှတ်တံဆိပ် မျက်နှာ သစ်မော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ပက်ခ်ရှင်ဟေး

ဆိုးလ်၊ ဇန်နဝါရီ ၃၀။          ။  တောင်ကိုရီးယား မင်းသမီးချော ပက်ခ်ရှင်ဟေးသည် “Roem” အမှတ်တံဆိပ်၏ ၂၀၁၆  နွေရာသီ ဖက်ရှင်အတွက် မျက်နှာသစ်မော်ဒယ် ဖြစ်လာခဲ့သည်။

ပက်ခ်ရှင်ဟေး၏ အောင်မြင်ကျော်ကြားမှုက တရုတ်နိုင်ငံ ဈေးကွက်တွင် အမှတ်တံဆိပ် ရပ်တည်မှု ခိုင်မာမှုရှိစေရေး ရည်မှန်းချက်ကို လုပ်ဆောင်ရာတွင် သင့်တော့သည့် အနုပညာရှင်တစ်ဦး အဖြစ် မှတ်ယူထားမှုကြောင့်  ပက်ခ်ကို မျက်နှာသစ်မော်ဒယ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း “Roem” ကုမ္ပဏီက ပြောကြားသည်။

“Roem” အမှတ်တံဆိပ်သည် ကိုရီးယားစီးပွားရေးကော်ပရေးရှင်း E.Land Group ကုမ္ပဏီခွဲ တစ်ခုဖြစ်ပြီး အမျိုးသမီးဝတ်များကို အထူးထုတ်လုပ်သည့် အမှတ်တံဆိပ်အဖြစ် လူသိများသည်။ “Roem” အမှတ်တံဆိပ်သည် နွေဦးရာသီ ဖက်ရှင်အတွက် အဓိက အရောင်အဖြစ် ပန်းနုရောင် အဖျော့ကို ရွေးချယ်ထားသည်။

ဓာတ်ပုံထဲတွင် ပက်ခ်သည် အနီရောင်အစင်းကြားပါ ဂျာကင်အင်္ကျီနှင့် အနီရောင်စကပ်တို့ကို ဝတ်ဆင်ထားသည်။ နောက်ထပ် ဓာတ်ပုံတစ်ပုံတွင် ပန်းနုရောင်အဖျော့ ကုတ်အင်္ကျီရှည်ကို ဝတ်ဆင် ထားသည်ကို တွေ့ရသည်။

ပက်ခ်ရှင်ဟေး၏ ဓာတ်ပုံများကို “Roem” အမှတ်တံဆိပ် စတိုးဆိုင်များနှင့် ဝက်ဆိုက်ဘ်များ တွင် မကြာမီ တွေ့မြင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly