ခေါင်းဆောင်သာဦးဆောင်သည့် ပြု ပြင်ပြောင်းလဲရေးအောက်ခြေထိ မရောက်နိုင်

ခေါင်းဆောင်သာဦးဆောင်သည့် ပြု ပြင်ပြောင်းလဲရေးအောက်ခြေထိ မရောက်နိုင်
ဇန်နဝါရီလ ၂၀ရက်၊ ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ၊ Mi Casa ဟိုတယ်တွင် ပြုလုပ်သည့် ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းများ ကမ္ဘာ့ခေါင်းဆောင်များထံမှသင်ယူခြင်း စာအုပ်ထုတ်ဝေခြင်းအခမ်းအနား၌ မြန်မာနိုင်ငံ အသွင်ကူးပြောင်းခြင်းအပေါ်ဆွေးနွေးတင်ပြနေသည့် ဦးကိုကိုကြီးကိုတွေ့ရစဉ်။ ဓါတ်ပုံ၊ ဟိန်းကိုစိုး။

ရန်ကုန်၊ ဇန်နဝါရီ ၂၀။          ။ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ခေါင်းဆောင်များကသာ အားလုံးသိရှိနားလည်ပြီး၊ မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက်မည် ဟုစဉ်းစား ဆောင်ရွက်ရုံဖြင့် ပြည်သူများပါဝင်ပြီး အောက်ခြေအထိရောက်ရှိသည့် ပြုပြင်ပြောင်းလဲရေးမျိုး ဖြစ်လာနိုင်မည်မဟုတ်ဟု ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ဇန်နဝါရီ ၂၀ရက်တွင်ပြောကြားသည်။

"ခေါင်းဆောင်တွေက အားလုံးငါသိငါတက်၊ ဘယ်အချိန်မှာဘာလုပ်ပေးရမလဲဆိုတာစဉ်းစားပြီးသား၊ အဲဒီလို့ သဘောထားမျိုးနဲ့သွားနေရင်တော့ ကျွန်တေ်ာတို့ပြုပြင် ပြောင်းလဲရေးက အောက်ခြေအထိရောက်တဲ့ ပြည်သူ တွေပါတဲ့ ပြောင်းလဲမှုမဖြစ်နိုင်ဘူး။ ပြည်သူတွေရဲ့အခန်းကဏ္ဍ၊ ပြည်သူတွေရဲ့လုပ်ပိုင်ခွင့်က ဘာလဲဆိုတာတိတိကျကျ အဓိပ္ပါယ်ဖွင်ဖို့ ရှာဖွေဖို့က ပြုပြင်ပြောင်းလဲရေးမှာအရေးကြီးဆုံးအရာဖြစ်တယ်။" ဟု ၎င်းကဆိုသည်။

ဇန်နဝါရီလ ၂၀ရက်၊ ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းရှိ၊ Mi Casa ဟိုတယ်တွင် ပြုလုပ်သည့် ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းများ ကမ္ဘာ့ခေါင်းဆောင်များထံမှသင်ယူခြင်း စာအုပ်ထုတ်ဝေခြင်းအခမ်းအနား၌ မြန်မာနိုင်ငံ အသွင်ကူးပြောင်းခြင်းအပေါ် ဦးကိုကိုကြီးက ယင်းသို့ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ပြန်လည်သင့်မြတ်ရေးအတွက် အတိတ်ဖြစ်ရပ်များမှ လေ့လာသုံးသပ်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကောင်းမွန်စွာဖော်ထုတ်ခြင်း၊ စားပွဲဝိုင်းဆွေးနွေးခြင်း၊ နိုင်ငံရေး အကျဉ်း သားများကို လွတ်ပေးခြင်းနှင့် ညင်းပန်းနှိပ်စက်မှုတို့မှရှောင်ရှားခြင်း တို့ကို ဆောင်ရွက်ခြင်းသင့်သည်ဟု ချီလီနိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တူညီမှုရှိသည့် မြန်မာနိုင်ငံကိုအကြံပြုကြောင်း ချီလီနိုင်ငံ သမ္မတဟောင်း Ricardo Lagos က စကားပြန်မှတစ်ဆင့် ပြောသည်။

ဗျူရိုကရက်အင်အားစု(အမြဲတန်းအတွင်းဝန်အပါအဝင် အနိမ့်ဆုံးအဆင့် ဝန်ထမ်းအထိ တာဝန်ထမ်းဆောင် နေသူများ) များကို မောင်းနှင်နိုင်ရေးမှာ ရွေးကောက်ခံအစိုးရအတွက် ရင်ဆိုင်ရမည့်အခက်အခဲတစ်ခု ဖြစ်လာ နိုင်သည်ဟုလည်း ဦးကိုကိုကြီးကဆိုသည်။

"ဦးစီးဌာနတွေရဲ့ဖွဲ့စည်းပုံ ဒါတွေအားလုံးကို သေသေချာချာစဉ်းစားပြီး တော့မှပြုပြင်ရမယ်လို့ထင်တယ်။ တစ်ခါတစ်လေကျတော့လည်း ဗြုန်းကနဲပြောင်းလိုက်ရင်လည်းရှော့တွေရှိတယ်။ ဒါကြောင့် တစ်ဖက်ကသိမ်သိမ်မွေ့မွေ့နဲ့ ကူးပြောင်းနိုင်အောင် ပညာပေးမှုတွေကောလိုအပ်တယ်။" ဟု ၎င်းကဆိုသည်။

ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းများ ကမ္ဘာ့ခေါင်းဆောင်များထံမှသင်ယူခြင်း စာအုပ်ကို ချီလီ၊ အင်ဒိုနီးရှား၊ ပိုလန်၊ စပိန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး သမိုင်းများကိုရေးသားကာ မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်ရေး  မြန်မာ၊ အင်္ဂလိပ်ဘာသာနှစ်ခုဖြင့် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required