တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ထွက်ပြေးခိုလှုံရသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ကျော် ရှိ

တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ထွက်ပြေးခိုလှုံရသည့် မြန်မာနိုင်ငံသား ၅,၀၀၀ ကျော် ရှိ
Photo - Nation Thailand

ဒီဇင်ဘာလ ၂၇ ရက်

ပြီးခဲ့သည့် သုံးရက်အတွင်း ထိုင်း-မြန်မာ နယ်စပ်တွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များနှင့် တိုင်းရင်းသား ကရင်လက်နက်ကိုင်များအကြား တိုက်ပွဲများ အရှိန်မြင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံသား ၅,၀၀၀ ကျော်အထိ နယ်စပ်ဖြတ်ကာ ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် စစ်ကောင်စီတပ်က တိုင်းရင်းသား ကရင်လက်နက်ကိုင်များ၏ အမာခံနယ်မြေကို လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့ရာတွင် မြန်မာနိုင်ငံသား ၅,၃၈၄ ဦးသည် သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ကြရသည်။

ယင်းနောက်တွင် နယ်စပ်ဧရိယာ ဘေးကင်းလုံခြုံမှု ထိန်းသိမ်းရေး ကင်းလှည့်စောင့်ကြည့်မှုလုပ်ဆောင်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ထောက်ကူရန်အတွက် အမှတ် ၃၄ ထိုင်း နယ်ခြားစောင့်တပ်က V-150 သံချပ်ကာ ကားနှစ်စီးကို ဖြန့်ကျက်ထားခဲ့သည်။

ဒီဇင်ဘာ ၂၆ ရက်တွင် မြန်မာဒုက္ခသည် ၂၀၄ ဦးသည် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြသော်လည်း မြန်မာဒုက္ခသည် ၅,၁၈၀ ဦးသည် တက်ခ်ပြည်နယ်ထဲတွင် ဆက်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အနက် ၅,၀၂၈ ဦးသည် မဲဆောက်ခရိုင်တွင် ခိုလှုံနေကြကာ ၁၅၂ ဦးသည် ဖော့ဖရာ ခရိုင်တွင် ခိုလှုံနေကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required