တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၉,၀၀၀ ကျော် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်သို့ ထွက်ပြေးခိုလှုံ

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံသား ၉,၀၀၀ ကျော် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်သို့ ထွက်ပြေးခိုလှုံ

မြန်မာနိုင်ငံတွင်းက စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ၏ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆန်ပြည်နယ်သို့ မြန်မာနိုင်ငံသား ၉,၀၀၀ ကျော် ထွက်ပြေးခိုလှုံကြောင်း ထိုင်းမီဒီယာက သတင်းဖော်ပြသည်။

ကရင်နီပြည်နယ်၏ တစ်ဖက်တစ်ချက် မယ်ဟောင်ဆန်ပြည်နယ်၏ မယ်ဆာရီအန်း၊ ခွန်ယုအမ်နှင့် မောင်မယ်ဟောင်ဆန်ခရိုင်သုံးခု၌ ခိုလှုံနေသူ မြန်မာဒုက္ခသည် ၉,၀၆၄ ဦး ရှိကြောင်း Thaiger ဝက်ဘ်ဆိုက်က ဇူလိုင် ၂၅ ရက်တွင် ဖော်ပြသည်။

လက်ရှိ၌ ထိုင်းအာဏာပိုင်များသည် ဒုက္ခသည်များကို အကူအညီအချို့ ပေးလျက် ရှိသည်။

နယ်စပ်မြန်မာဘက်တွင် တိုက်ပွဲများ တိုး၍ ဖြစ်ပွားနေခြင်းကြောင့် မယ်ဆာရီအန်းနှင့် ခွန်ယုအမ်ခရိုင်များက နယ်စပ်ဧရိယာများသို့ မသွားလာကြရန် ထိုင်းနိုင်ငံသားများအား ထိုင်းနိုင်ငံရှိ ထိုင်း-မြန်မာ နယ်စပ်ကွပ်ကဲရေးဌာနက ဇွန်လအတွင်းက အကြံပြုထားသည်။

ကရင်နီပြည်နယ်တွင် မြန်မာစစ်ကောင်စီတပ်သည် FTC-200G နှင့် K-8 လေယာဉ်များဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ဆင်နွှဲနေကြောင်း Thaiger သတင်းအရ သိရသည်။

ကရင်နီပြည်နယ်အတွင်း ပဋိပက္ခများကြောင့်  အပြစ်မဲ့ပြည်သူများအတွက် ဘေးအန္တရာယ်များ ရှိနေကာ ဒုက္ခသည်အဖြစ် ခိုလှုံရန် ကြိုးစားခြင်းများကြောင့် ထိုင်းဒေသတွင် အာဏာပိုင်များနှင့် လူသားချင်း စာနာထောက်ထားရေး အဖွဲ့အစည်းများအတွက် စိန်ခေါ်မှုများ ဖြစ်လျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required