အင်အားပြင်း ဆိုင်ကလုံး Ula တွန်ဂါကို ဦးတည်နေ

အင်အားပြင်း ဆိုင်ကလုံး Ula တွန်ဂါကို ဦးတည်နေ

အင်အားပြင်း အပူပိုင်းဆိုင်ကလုံး Ulaသည် တွန်ဂါ၏ ပစိဖိတ်ကျွန်းဆွယ်တွင် အစပြုပြီး ပိုမိုအားကောင်းလာကာ ကောက်ပဲသီးနှံများ အခြေခံအဆောက်အအုံများကို ဖျက်ဆီးလိမ့်မည်ဟု အစိုးရက သတိပေးထားသည်။

အစီရင်ခံစာများရှိသော်လည်း တွန်ဂါ ဝန်ကြီးချုပ် Akilist Pogvia က မုန်တိုင်းမတိုက်မီကပင် အရေးပေါ် အခြေအနေ ကြေငြာထားသည်။ မုန်တိုင်းသည် တစ်နာရီ၁၅၀ကီလိုမီတာ တိုက်ခတ်ပြီး အဆင့်လေးသို့ရောက်ရှိလာမည်ဟု ဆိုသည်။

မုန်တိုင်းသည် အားကောင်းလာပြီး အရေးကြီးသောအခြေခံအဆောက်အအုံများ ကောက်ပဲသီးနံှများနှင့် ထိခိုက်ဒဏ်ရာရမှု မြင့်မားလိမ့်မည်ဟု အပူပိုင်းဆိုင်ကလုန်း သတိပေးရေးစင်တာက   ပြောကြားထားသည်။

မုန်တိုင်းသည် အားပြင်းကာ ပင်လယ်ဘက်သို့ ရွှေ့လျားပြီး မြေနိမ့်ပိုင်းဒေသများ၌မူ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်မည်ဟုလည်း သတိပေးချက်များ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required