ဘရူနိုင်းတွင် ခရစ်စမတ်ပွဲ ပေါ်ပေါ်တင်တင်ကျင်းပပါက ထောင်ဒဏ် ၅နှစ် ကျခံရဖွယ်ရှိ

ဘရူနိုင်းတွင် ခရစ်စမတ်ပွဲ ပေါ်ပေါ်တင်တင်ကျင်းပပါက ထောင်ဒဏ် ၅နှစ် ကျခံရဖွယ်ရှိ

ဘန်ဒါဆရီ ဘီဂါဝမ်၊ ဒီဇင်ဘာ-၂၃ ။          ။ ရေနံကြွယ်ဝသည့် နိုင်ငံငယ်လေး၏ ဆူလတန်ဘုရင်၏ ကြေညာချက်အရ ဘရူနိုင်းတွင် ခရစ်စမတ်ပွဲကို တရားမဝင် ဆင်ယင်ကျင်းပသူ မည်သူမဆို ထောင်ဒဏ် ၅နှစ် ကျခံရဖွယ်ရှိနေသည်ဟု ဆိုသည်။

ကြီးကြီးကျယ်ကျယ်နှင့် လွတ်လွတ်လပ်လပ် ဆင်ယင်ကျင်းပခြင်းမှာ မွတ်စလင်လူထုကို စိတ်ယိုင်သွားစေနိုင်သောကြောင့် ဘရူနိုင်းနိုင်ငံတွင် ယမန်နှစ်မှ စတင်၍ ခရစ်စမတ်ပွဲကို ပိတ်ပင်လာခဲ့သည်။

ခရစ်ယာန်နှင့် အခြားဘာသာဝင်များအနေဖြင့် ခရစ်စမတ်ပွဲကို ကျင်းပနိုင်သော်လည်း တစ်ကိုယ်ရေ သိုသိပ်စွာသာ ကျင်းပနိုင်မည်ဖြစ်ပြီး ပထမဦးစွာ အာဏာပိုင်များကိုလည်း အသိပေးရမည်ဖြစ်သည်။  

ခရစ်ယာန်အမှတ်သင်္ကေတများကို လက်ခံထားခြင်းမှာ အစ္စလာမ်ဘာသာရေးကျမ်းများတွင် တားမြစ်ထားသည့် အခြားဘာသာကို တုပခြင်းမျိုးအထိ ရောက်ရှိလာနိုင်ကြောင်း ဒေသတွင်း အစ္စလာမ်ဘာသာရေးခေါင်းဆောင်များက သတိပေး၍ ပိတ်ပင်ရန် လှုံ့ဆော်လာခဲ့ကြသည်။

ဆန်တာဦးထုပ်များ၊ ခရစ်စမတ် နှုတ်ခွန်းဆက် စာတန်းများ ပြသမထားကြောင်း သေချာစေရန်အတွက် ဘာသာရေးဝန်ကြီးဌာနမျ အရာရှိများက ပြည်တွင်း စီးပွားရေးလုပ်ငန်းများသို့ သွားရောက် လည်ပတ်စစ်ဆေးခဲ့ကြသည်ဟု ဆိုသည်။

ကျောက်တုံးဖြင့် ပစ်ခတ်ခြင်းနှင့် ခြေလက်ဖြတ်တောက်ခြင်းကဲ့သို့သော ပြစ်ဒဏ်များ ပါဝင်သည့် အစ္စလာမ် ရှာရီးယားအပေါ်တွင် အခြေခံသော ပိုမိုတင်းကျပ်သည့် ပြစ်မှုကိုယ်ဓဥပဒေကို ဘရူနိုင်းက လက်ခံကျင့်သုံးလာခဲ့သည့် ၂၀၁၄ခုနှစ်တွင် ဗြိတိသျှကိုလိုနီဟောင်းနိုင်ငံကို နှစ်ပေါင်း ၅၀နီးပါး အုပ်ချုပ်လာခဲ့သည့် ဆူလတန် ဟာဆန်နယ် ဘော်ခီရာက ခရစ်စမတ်ပွဲတော်ကို စတင်ပိတ်ပင်လာခဲ့သည်။

ခရစ်စမတ်ပိတ်ပင်မှုကို ဥပဒေသစ်များဖြင့် ပြဌာန်းထားရာ ပြစ်ဒဏ်မှာ ဒဏ်ငွေ ကန်ဒေါ်လာ ၂၀၀၀၀ (သို့မဟုတ်) ထောင်ဒဏ် ၅နှစ် (သို့မဟုတ်) နှစ်ခုစလုံး ကျခံရနိုင်သည်။

 သို့ရာတွင် တစ်ချို့က ဤပိတ်ပင်မှုကို ခုခံဆန့်ကျင်ကြသည်။ လူမှုမီဒီယာ လှုပ်ရှားမှုတစ်ခုဖြစ်သည့် #MyTreedom က ဆော်ဒီအာရေဗျနှင့် အီရန်လို နိုင်ငံများမှ ခရစ်ယာန်များကို ခရစ်စမတ်ပွဲ ကျင်းပနေသည့် ပုံများ တင်ကြရန် အားပေးလှုံ့ဆော်ထားရာ ဘရူနိုင်းဒေသခံများထံမှ ပုံတင်မှု အမြောက်အများရှိခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required