ဟင်္သာတ နည်းပညာတက္ကသိုလ်တွင် Barcamp ပြုလုပ်မည်

ဟင်္သာတ နည်းပညာတက္ကသိုလ်တွင် Barcamp ပြုလုပ်မည်

ဟင်္သာတ၊ ဒီဇင်ဘာ ၂၃ ။            ။ နည်းပညာတက္ကသိုလ်(ဟင်္သာတ)တွင် Barcamp TU Hinthada 2016 အား ၂၀၁၆ ဇန်နဝါရီ ၂၃ရက်နှင့် ၂၄ရက်များတွင် ကျင်းပရန်အစီအစဉ် ရှိကြောင်း Organizer Team Leader ကိုရဲမင်းသူ မှ မဇ္ဈိမကို အတည်ပြုပြောကြားသည်။

"Barcamp ဆိုတာကတော့ ခိုင်မာတဲ့လူအဖွဲ့အစည်းတစ်ရပ်ဖြစ်တည်လာဖို့အတွက် နည်းပညာကိုအသုံးချပြီး လူသားထုကို စည်းလုံးညီညွှတ်စေတဲ့ ပွဲတစ်ခုလည်း ဖြစ်တယ် One to many မဟုတ်ပဲနဲ့ Barcamp ဆိုတာက တက်ရောက်လာသူအချင်းချင်း အသိပညာ နည်းပညာ "Many to Many " မျှဝေတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ် " ဟု Barcamp TU (Hinthada)Organizer တစ်ယောက်ဖြစ်သူ ကိုအောင်ထက်အောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ နည်းပညာတက္ကသိုလ်(ဟင်္သာတ)တွင် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက် များက TechcampTU 2015 အား ကျင်းပပြုလုပ်ခဲ့ဖူးပြီး အဆိုပါပွဲသို့တက်ရောက်သူဦးရေ ၁၅၀၀ ခန့်ရှိကြောင်း Techcamp Organizer Team ထံမှ သိရသည်။

" Barcamp ပွဲက နောက်လ စပါတော့မယ် ဒါကြောင့် ဒီပွဲဖြစ်မြောက်ဖို့အတွက် ကူညီပံ့ပိုးပေးနိုင်မယ့် Sponsor တွေ လိုအပ်ပါတယ် ဒါကြောင့် ကူညီပံ့ပိုးပေးနိုင်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ 09422488988 , [email protected] သို့ ဆက်သွယ်နိုင်ပါကြောင်း ဖိတ်ခေါ်ပါတယ် " ဟု Finance Team Leader မယုဝါဝင်းမော်က ဖြေကြားသည်။

Barcamp သမိုင်းနှင့်ပတ်သက်၍ " Barcamp အမည်သည် Hacker များ၏ ဗန်းစကား Foobar ကိုအခြေခံပြီး O'Reilly Media ထုတ်ဝေသူ Tim O'Reilly က hacker များ၏တစ်နှစ်တာ လုပ်ဆောင် ချက်ကို တင်ပြသည့် ပွဲFooCamp ကိုကျင်းပသည်။ ယင်းပွဲကိုတက်ရောက်ခဲ့သူများက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Palo Alto မှာ ပထမဆုံး Barcamp ဟုခေးမည်ပွဲအား ၂၀၀၅ခုနှစ် သြဂုတ်လ ၁၉ရက်နေ့ကနေ ၂၁ရက်နေ့အထိ ကျင်းပခဲ့သည်။ တက်ရောက်သူ ဦးရေ ၃၀၀ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့တယ်။ ထိုမှတစ်ဆင့် အခြားတိုက်ကြီးများသို့ ကူးစက်လာပြီး ကမ္ဘာတစ်ဝှမ်း Barcamp အားကျင်းပလျက်ရှိသည်ဟု  Barcamp Yangon Fellowship Team 2014 မှ ကိုစိုင်းရန်နောင် ၏ Facebook Note ထံမှ သိရသည်။
 
မြန်မာနိုင်ငံတွင်လည်း ၂၀၁၀ ခုနှစ်၌ ရန်ကုန် မြို့တွင် ပထမဆုံး Barcamp အားစတင် ကျင်းပခဲ့ပြီး တက်ရောက်သူ ၃၀၀၀ကျော် ရှိခဲ့သည်။ မန္တလေး ပခုက္ကူ ပြည် ပုသိမ် မိတ္ထီလာ လားရှိုး လွိုင်ကော် မကွေး အစရှိသည့် မြို့ကြီးများနှင့် နည်းပညာတက္ကသိုလ်များတွင် လည်း Barcamp အားကျင်းပခဲ့ပြီး Barcamp Yangon 2013 က တက်ရောက်သူဦးရေ ၆၄၀၀ ကာ ကမ္ဘာတစ်ဝှမ်းလုံးတွင် Barcamp ပွဲသို့ တက်ရောက်သူ အများဆုံးပွဲအဖြစ် စံချိန်တင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly