တောင်ကိုရီးယား မင်းသားချော လီမင်ဟိုသည် ထိုင်ဝမ်တွင် ဒီဇင်ဘာ ၁၅ ရက်က ပရိတ်သတ်များနှင့် တွေ့ဆုံပွဲ ပြုလုပ်နေစဉ်အတွင်း ၎င်း၏ ခရစ္စမတ်အစီစဉ်များကို မျှဝေခဲ့သည်။
ပရိတ်သတ် ၇၀၀ ကျော် တတ်ရောက်ခဲ့သော အဆိုပါ တွေ့ဆုံပွဲတွင် လီက ၎င်း၏ ခရစ္စမတ် အစီစဉ်များကို ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ပထမဆုံး ပြောချင်တာကတော့ ခရစ္စမတ်နေ့မှာ ရိုက်ကူးရေး အစီစဉ်တွေ မရှိဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အတည်မပြုနိုင် သေးပါဘူး” ဟု အသက် ၂၈ နှစ်အရွယ်ရှိ လီမင်ဟိုက ပြောကြားခဲ့သည်။
“ခရစ္စမတ်နေ့မှာ ကျွန်တော် မိသားစုနဲ့အတူ အချိန် ကုန်ဆုံးချင်ပါတယ်။ ကျွန်တော် ဇာတ်ကား သစ်အတွက် နောက်တစ်ကြိမ် ထိုင်ဝမ်ကို ပြန်လာဖို့ မျှော်လင့်ပါတယ်” ဟု လီက ပြောကြားခဲ့သည်။ လီမင်ဟို ပါဝင်သရုပ်ဆောင်ထားသော “Bounty Hunters” ဇာတ်ကားကို ရုပ်ရှင်ရုံများတွင် မကြာမီ ပြသသွားမည် ဖြစ်သည်။