ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးကြောင်း KSCC ကြေညာ

ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီးကြောင်း KSCC ကြေညာ

ဩဂုတ် ၂၅

စစ်အာဏာသိမ်းမှုကိုဖီဆန်သည့် CDM ရဲဝန်ထမ်း ‌ဦး‌ရေ ၃၂၀ ဖြင့် ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ (Karenni State Police-KSP) ကို ဖွဲ့စည်းပြီးကြောင်း ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC) က ယနေ့ (ဩဂုတ် ၂၅ ရက်) တွင် တရားဝင်ကြေညာလိုက်သည်။

အဆိုပါရဲတပ်ဖွဲ့ကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ကရင်နီပြည်နယ်ထဲရှိ ပြည်သူများအပါအဝင်

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ လူများ၏ ဘဝလုံခြုံမှုနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍများ ပျက်သုန်းနေကြောင်း ကြေညာစာတွင် ဆိုထားသည်။

ယခုဖွဲ့စည်းလိုက်သည့် ကရင်နီပြည်နယ်ရဲတပ်ဖွဲ့သည် ပြည်သူထူထု၏ အကျိုးစီးပွားနှင့်ဘဝလုံခြုံရေးအတွက် အမှန်တကယ် စောင့်ရှောက်သွားမည့် စံပြပြည်သူ့ရဲများအဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း ပြည်သူများ၏ လိုအပ်ချက်အရ လုပ်ငန်းစဉ်များချမှတ်ပြီး အတတ်နိုင်ဆုံး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KSCC မှထုတ်ပြန်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly