အိန္ဒိယနိုင်ငံ ဆရီနဂါခရိုင်တွင် လွတ်လပ်ရေးနေ့ လှုံ့ဆော်ရေး ပိုစတာများကြောင့် မျိုးချစ်စိတ်ဓာတ် တက်ကြွနေ

အိန္ဒိယနိုင်ငံ ဆရီနဂါခရိုင်တွင် လွတ်လပ်ရေးနေ့ လှုံ့ဆော်ရေး ပိုစတာများကြောင့် မျိုးချစ်စိတ်ဓာတ် တက်ကြွနေ

အမျိုးသားပွဲတော်၏ အရေးပါမှုကို အလေးအနက်ပြုရန်နှင့် ပြည်သူများအကြား ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို ထိန်းသိမ်းရန် သတိပေးရန်တို့အတွက် အိန္ဒိယနိုင်ငံ ဆရီနာဂါခရိုင်တွင် ရဲတပ်ဖွဲ့ဝင်များက လွတ်လပ်ရေးနေ့ အခမ်းအနားများ မကျင်းပမီ မြို့တွင်းရှိ လမ်းများ၌ လှုံ့ဆော်ရေး ပိုစတာများကို စိုက်ထူထားကြသည်။

“ဆရီနာဂါအတွက် အရေးကြီးဆုံးနေရာက အရှေ့ဖက်ဇုန်ပါ။။ အမျိုးသားပွဲတော်ရဲ့ အရေးပါမှုကို ပြည်သူတွေ သတိရစေဖို့နဲ့ ပျော်ရွှင်မှုတွေကို ဆောင်ကြဉ်းဖို့၊ ငြိမ်းချမ်းရေးနဲ့ ညီညွတ်ရေးကို ထိန်းသိမ်းဖို့အတွက် လွတ်လပ်ရေးနေ့မတိုင်မီ အဲဒီနေရာမှာ ပိုစတာတွေ စိုက်ထူအလှဆင်ထားပါတယ်။ ဆရီနာဂါခရိုင်မှာ မကြာမီ အချိန်အတွင်း ပိုစတာတွေ ထပ်ထောင်ပါဦးမယ်” ဟု ဒုတိယရဲစခန်းမှူး မိုဟစ်အူဒင်က ANI သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် လွတ်လပ်ရေးနေ့မတိုင်မီ ဂျမူးနှင့် ကက်ရှ်မီးယားဒေသမှ ရဲများအပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ဒရုန်းထောက်လှမ်းရေး ပူးတွဲလေ့ကျင့်မှုကို ဆရီနဂါတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့ကြသည်။

ဆရီနာဂါရှိ လယ်ချောက်ဧရိယာအနီးနှင့် လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနား ကျင်းပမည့် နေရာတို့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေး လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြသည်။

“ဒရုန်းတွေရဲ့ အကူအညီနဲ့ ဧရိယာကျယ်ကျယ်ပြန့်ပြန့်ကို စောင့်ကြည့်နိုင်ခဲ့ပါတယ်။ အန္တရာယ်မရှိအောင် လုပ်ဆောင်သွားမှာပါ” ဟု ဆရီနာဂါ ရဲတပ်ဖွဲ့ရုံးချုပ်မှ အရာရှိ အာရစ်ဖ် ရှာဟက်က ANI သို့ ပြောကြားသည်။

ဒုတိယရဲအရာရှိ မိုဟစ် အူဒင်က “လွတ်လပ်ရေးနေ့နီးလာတော့ လေ့ကျင့်မှုတွေ လုပ်နေပါပြီ။ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားကွင်းက အရေးကြီးတဲ့ အတွက် ဩဂုတ် ၁၅ ရက်အထိ စောင့်ကြည့်သွားမှာပါ” ဟု ပြောကြားသည်။

“မသင်္ကာဖွယ်ရာ လှုပ်ရှားမှုတွေကို ဖြစ်စေ၊ လူတစ်ဦးဦးကို ဖြစ်စေ စုံစမ်းဖို့ ဒရုန်းတွေအကူအညီနဲ့ တွေ့နိုင်ပြီး ချက်ခြင်းအရေးယူဆောင်ရွက်နိုင်မှာပါ။ တိကျတဲ့ ထောက်လှမ်းရေး မှတ်တမ်းတွေကိုလည်း ရရှိပါလိမ့်မယ်” ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required