မတ္တရာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရသဖြင့် ၂ ဦးသေဆုံး

By 008(မဇ္ဈိမ)
22 November 2023
မတ္တရာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရသဖြင့် ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းကို ဒရုန်း ဖြင့် ဗုံးချတိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှတာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က မတ္တရာမြို့နယ် ဉဒိန်ကျေးရွာအထွက်တွင် တကြိမ်နှင့် သစ်ပုတ်ပင်ကျေးရွာ အနီးတွင်တကြိမ် ဒရုန်းဖြင့် ဗုံး ၁၄ လုံးချတို က်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးခဲ့ခြင်းဖြစ် သည်။

အဆိုပါစစ်ကြောင်းသည် ဥဒိန်ကျေးရွာ၌လေးရက်ကြာတပ်စွဲပြီး မတ္တရာမြို့ဘက်သို့ ပြန်လည်ထွက်ခွာစဉ် ဥဒိန်ကျေးရွာအထွက်နှင့် သစ်ပုတ်ပင်ကျေးရွာအနီးတို့တွင် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက်တွင် စစ်ကောင်စီစစ်ကြောင်းသည် သစ်ပုတ်ပင်ကျေးရွာမှ နေအိမ်တလုံး ကိုမီးရှို့ဖျက်ဆီးပြီး ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ဖရဲစိုက်ပျိုးနေသည့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ သွားကြောင်းသိရသည်။

“ဥဒိန်ကအထွက်မှာ တရက်နဲ့ သစ်ပုတ်ပင်မှာ တရက်၊ နှစ်ရက် ဗုံးချခဲ့တယ်။ နှစ်ယောက်သေတယ်။ ဘယ် လောက် ဒဏ်ရာရတယ်ဆိုတာတော့ အတည်မပြုနိုင်ခဲ့ဘူး။ သစ်ပုတ်ပင်က နေအိမ်တလုံးကို မီးရှို့သွား တယ်။ ဗုံးချခံရပြီးနောက် ရမ်းပစ်လို့ ဖရဲစိုက်နေသူနှစ်ဦးထိသွားတယ်။ အတိုက်ခံရတဲ့ စစ်ကြောင်းက အခု မတ္တရာမြို့ပေါ်ရောက်သွားပြီ” ဟု ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့၊  ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Phoenix SGG နှင့် Royal Falcon တပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly