ရခိုင်ရှိ စစ်ရှောင်စခန်းတချို့ကို RWU အမျိုးသမီးအဖွဲ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း

ရခိုင်ရှိ စစ်ရှောင်စခန်းတချို့ကို RWU အမျိုးသမီးအဖွဲ့က စားနပ်ရိက္ခာများ သွားရောက်လှူဒါန်း
ဓာတ်ပုံ- RWU

ဩဂုတ် ၁၇

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ခမီတိုင်းရင်းသားများ ခိုလှုံရာ စစ်ဘေးရှောင်စခန်းတစ်ချို့ကို ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်အပါအဝင် ပစ္စည်းတချို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

COVID-19 ကပ်ရောဂါ ကာလအတွင်း စားသောက်ရေး အခက်အခဲဖြစ်နေသည့် စစ်ဘေးရှောင်စခန်းတချို့ကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင် စခန်းများဖြစ်သော အထက်သင်ပုန်းကန်းစခန်းရှိ ခမီမိသားစု ၄၈ စု၊ ခွေးသေစခန်းရှိ ခမီ မိသားစု ၁၇ စု နှင့် ဖွားကြယ်စခန်းရှိ ခမီ မိသားစု ၄၅ စု စုစုပေါင်း မိသားစု ၁၁၀ စာ စားနပ်ရိက္ခာများကို ဩဂုတ် ၁၆ ရက်က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

နှစ်နှစ်ကျော်ကြာ စစ်ပွဲအရှိန်မြင့်ခဲ့သည့် ရခိုင်ပြည်နယ်တွင် လတ်တလော တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသည့် ဒုက္ခသည် အများအပြား နေရပ်ကျေးရွာများသို့ မပြန်နိုင်သေးဘဲ စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ကြုံနေကြရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly