လျှပ်စစ်ဓာတ်အားတွေ လေလွင့်ပျောက်ဆုံးရတဲ့ တရားခံက ဘယ်သူလဲ သိလား

လျှပ်စစ်ဓာတ်အားတွေ လေလွင့်ပျောက်ဆုံးရတဲ့ တရားခံက ဘယ်သူလဲ သိလား

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်မှာနေတဲ့ ဦးဖေသိန်းက မဇ္ဈိမ စာဖတ် သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ သူဟာ လျှပ်စစ်ဓာတ်အားပေးဌာနက ဝန်ထမ်းဟောင်း တစ်ဦးဖြစ်ပြီး လျှစ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး နိုင်ငံတော် ဘဏ္ဍာငွေ မဆုံးရှုံးစေချင်သလို လျှပ်စစ်အန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်စေချင် တဲ့အတွက် သက်ဆိုင်ရာဌာနကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှတစ်ဆင့် အကြံပြု ရေးသားပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝန်ထမ်းဘဝကနေ အငြိမ်းစားယူလိုက်တဲ့ အခါမှာ အချိန်တွေ ပိုလာတဲ့အတွက် ရန်ကုန်မြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုရားတွေကို မကြခဏ သွားရောက် ဖူးမျှော်ဖြစ်သလို ခင်မင်ရင်းနှီးတဲ့ ဆွေမျိုး မိတ်ဆွေများထံကိုလည်း သွားရောက် လည်ပတ်လေ့ ရှိတယ်လို့ ပြောပါတယ်။ ဘယ်နေရာကို ရောက်ရောက် လျှပ်စစ်ဝန်ထမ်းဟောင်းပီပီ သူသွားတဲ့နေရာတွေရဲ့ လျှပ်စစ်သွယ်ယူ အသုံးပြုပုံကို လေ့လာ ကြည့်မိပါတယ်လို့ ရေးပါတယ်။ အဲဒီအခါမှ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနမှာ လျှပ်စစ်ဓာတ် အားတွေ ဘာကြောင့် လျော့နည်း ပျောက်ဆုံးမှု ဖြစ်နေရသလဲဆိုတဲ့ အဖြေကို သူတွေးမိလို့ ဒီစာကို ရေးလိုက် တာလို့ ရေးပါတယ်။

သူမြင်တွေ့ရတာကတော့ မြို့စွန် ရပ်ကွက်တွေမှာပဲဖြစ်ဖြစ်၊ မြို့လယ်က ရပ်ကွက်တွေမှာပဲ ဖြစ်ဖြစ်၊ စည်းကမ်းနဲ့မညီဘဲ လမ်းမပေါ်မှာ စည်းကမ်းမဲ့ ဆောက်လုပ်ဖွင့်လှစ်ထားတဲ့ ဆိုင်တွေက အိမ်ကနေ တစ်ဆင့် သွယ်ယူတာမျိုး မဟုတ်ဘဲ ဆိုင်နဲ့နီးတဲ့ ဓာတ်အားလိုင်းကြိုးတွေကတစ်ဆင့် လျှပ်စစ်မီးကို ချိတ်ပြီး ခိုးယူသုံးစွဲနေကြတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဥပမာပြောရရင် လှိုင်သာယာ ၊ရွှေပြည်သာ၊ ဒဂုံမြို့သစ် တောင်မြောက်တွေဘက်သွားတဲ့အခါ ဒီလိုသွယ်ယူ အသုံးပြု နေကြတာကို အပြင် အခြားမြို့နယ်၊ ရပ်ကွက်တွေက လမ်းတွေမှာလည်း မြင်ရပါတယ်။ မြို့တွင်းမှာဆိုရင်တော့ ရန်ကင်း စက်မှု ၁ လမ်းနဲ့ နီးတဲ့ လမ်းသွယ်က အဲကွန်းပြင်တဲ့ ဆိုင်တစ်ဆိုင်ဟာ ဒီလိုပဲ လိုင်းကြိုးကနေ သွယ်ထားတာ တွေ့ရသလို ဗဟန်း ဦးချစ်မောင်လမ်းန့ နီးတဲ့ ရပ်ကွက်က လမ်းပေါ်က ဈေးဆိုင် တစ်ချို့ဟာ ဒီလိုပဲ သွယ်ယူသုံးစွဲနေတာကို  မြင်ခဲ့ရပါတယ်။ သူမှတ်မိသလောက်သာ ရေးပြရရင် စာဆုံးတွေမှာ မဟုတ်လို့ မြင်ရတဲ့အထဲက ၁ ခု၊ ၂ ခုကို ပြောပြတာပါလို့ ပြောပါတယ်။

အခုလိုကိစ္စမှာ ဌာနဆိုင်ရာက ရပ်ကွက်အလိုက် တာဝန်ကျတဲ့ ဝန်ထမ်းတွေမှာ တာဝန်ရှိပါ တယ်။ ဥပမာပြောရရင် ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်ချိန်ဟာ မနက် ၉ နာရီမှ ညနေ ၄ နာရီ သတ်မှတ်ထား တယ်လို့ ဆိုပေမယ့် လျှပ်စစ်မီးကို သုံးသူတွေက ညမှသုံးတာမို့ တာဝန်ချိန်မဟုတ် လည်း စစ်ဆေး ကြည့်ရှုရမယ့်တာဝန် ဝန်ထမ်းတွေမှာ ရှိသင့်ပါတယ်။ ဝန်ထမ်းတင်မကဘူး ရပ်ကွက် ကို အုပ်ချုပ်နေတဲ့ တာဝန်ရှိသူတွေနဲ့ လမ်းသူလမ်းသားတွေကလည်း ဒီလိုမျိုး စည်းကမ်းမဲ့ လုပ်နေကြ တာ မြင်ရင် သက်ဆိုင်ရာကိုပြောပြ အကြောင်းကြားဖို့ တာဝန်ရှိပါတယ်လို့ ဆိုပါတယ်။ နိုင်ငံတစ်ခု တိုးတက်ဖို့ အပြော နဲ့မပြီးဘဲ နေရာစုံ ထောင့်စုံကနေ စည်းကမ်းရှိရှိ၊ တာဝန်သိသိ လုပ်ဆောင်ဖို့နဲ့ လျှပ်စစ်ဓာတ်အား လျော့နည်း ပျောက်ဆုံးနေရတဲ့ အကြောင်းိကု ဖော်ထုတ်ဖို့ အကြုံပြု ရေးသားလာ တဲ့စာကို ဖော်ပြလိုက် ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required