စစ်ဘေးဒုက္ခသည်များအတွက် ခရစ္စမတ်အမှီ ထမင်းတစ်နပ်စာ လှူဒါန်းနိုင်

စစ်ဘေးဒုက္ခသည်များအတွက် ခရစ္စမတ်အမှီ ထမင်းတစ်နပ်စာ လှူဒါန်းနိုင်

ဒီဇင်ဘာ ၄ ။               ။ ကချင်နှင့် ရှမ်းပြည်နယ်ရှိ စစ်ဘေးဒုက္ခရောက်နေသူများအား ထမင်းတစ်နပ်စာ တစ်ထောင်ကျပ်ဖြင့် လှူဒါန်းနိုင်ရန် ကချင်ငြိမ်းချမ်းရေးကွန်ရက် က ဆောင်ရွက်လျှက်ရှိသည်။

ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များမှ ရရှိလာမည့် လှူဒါန်းငွေများအား ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့ တွင် စစ်ဘေးဒုက္ခသည်စခန်းကော်မတီများနှင့် တိုင်ပင်၍ လှူဒါန်းသွားမည်ဟု ကွန်ရက်မှ သိရသည်။

ကွန်ရက်မှ တာဝန်ရှိသူ မိုင်လှအေးက ''စခန်းက ဒုက္ခသည်တစ်ဦးအတွက် တစ်နပ်စာ တစ်ထောင်လှူ နိုင်တယ်ဆိုတာ အားလုံးလက်လှမ်းမီပြီး လှူကြအောင်ပြော တာပါ။ တစ်ဦးတည်းက ၁၀ ယောက်စာ တစ်သောင်းလှူမယ်ဆိုလည်းရပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နောက်ဆုံးထားပြီးရရှိလာတဲ့ ငွေပေါ် မူတည်ပြီး စခန်းအသီးသီးမှာ ခရစ္စမတ်လုပ်နိုင်အောင် စီစဉ်ထားပါတယ်။'' ဟုပြောကြားသည်။

စစ်ဘေးဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူ တစ်သိန်းခွဲကျော်ရှိပြီး တစ်ဝက်ကျော်မှာ စားစရိတ် တစ်နေ့ ၂၀၀ ကျပ်သာ အသုံးပြုနေရပြီး၊ စစ်ပွဲများစတင်ဖြစ်ပွားသည့် ၂၀၁၁ ခုနှစ်မှ စ၍ ခရစ္စမတ်ပွဲ မကျင်းပနိုင်ခဲ့သည်မှာ ၅ ကြိမ်ရှိခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required