ကချင်ပါတီကြီးတွေအားလုံး စစ်ကောင်စီ ကော်မရှင်မှာ မှတ်ပုံတင်ထား (ရုပ်/သံ)

By အဂမ် (မဇ္ဈိမ)
31 March 2023
ကချင်ပါတီကြီးတွေအားလုံး စစ်ကောင်စီ ကော်မရှင်မှာ မှတ်ပုံတင်ထား (ရုပ်/သံ)

ကချင်နိုင်ငံရေး ပါတီကြီးတွေအားလုံး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်သစ်ကို ပြန်တင်ထားတယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ကာလ မတ်လ ၂၈ ရက်နေ့အထိ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း  ၅၀ ပါတီ ရှိနေတယ်လို့ စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်ရုံးက ထုတ်ပြန်ပါတယ်။

ဒီလို မှတ်ပုံတင်ထားတဲ့ပါတီတွေထဲမှာ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စည်းရုံးမယ့် နိုင်ငံရေးပါတီ (၇) ပါတီရှိပြီး၊ တိုင်းနဲ့ ပြည်နယ်အလိုက်စည်းရုံးမယ့် နိုင်ငံ ရေးပါတီကတော့ ၂၃ ပါတီ ရှိနေတာပါ။

ကချင်လူထုအသိုင်းအဝိုင်းမှာ နာမည်ကြီး ထင်ရှားကြတဲ့ ကချင်နိုင်ငံရေးပါတီ ငါးပါတီစလုံးကတော့ ကချင်ပြည် နယ်အတွင်းမှာပဲ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြဖို့ ပါတီမှတ်ပုံတင်ထားကြပါတယ်။

ကချင်လူထုကြားမှာ လူသိနည်းတဲ့ လော်ဝေါအမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလွဲပြီး ကျန်ကချင်ပါတီကြီးများဖြစ်ကြတဲ့ ဒီမိုကရေစီပါတီသစ် (ကချင်)(N.D.P - Kachin) ၊က ချင်ပြည်နယ်ပြည့်သူ့ပါတီ(KSPP)၊ လီဆူအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ (LNDP) နဲ့ ကချင်အမျိုးသားဒီမိုကရက်ပါတီ(KNC)တို့က နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ကို ပြန်တင်ထားကြတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ မတ် ၂၄ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ UEC ထံ ပြန်လည်မှတ်ပုံတင်တာဟာ စစ်အုပ်စုရဲ့ ဖြစ်တည်မှုကို လက်ခံလိုက်တာ ဖြစ်သလို စစ်အုပ်စုအလိုကျ ပြည်သူ လူထုအား ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်ပြုတာ ဖြစ်တယ်လို့  ဖော်ပြထားပါတယ်။

သတင်း/တည်းဖြတ်= အဂမ်
တင်ဆက်= နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly