ကချင်မှာလည်း အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံနေရ

By ကချင်လေး
03 November 2023
ကချင်မှာလည်း အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံနေရ

ကေအိုင်အေတပ်ဖွဲ့ဟာ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ၆ နာရီလောက်မှာ မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်က ကန်တော်ယန်စခန်းနဲ့ မလိယန်စခန်းတွေကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ပြီး နံနက် ၈ နာရီကျော်လောက်မှာတော့ ကန်တော်ယန်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမကို အတည်ပြုပါတယ်။

အောက်တိုဘာ ၁၈ ရက်နေ့ မနက်ကလည်း ရွှေကူ - ဗန်းမော်ကားလမ်းပေါ်က စစ်ကောင်စီ တာဝါတိုင်ကုန်းစခန်းကို KIA နဲ့ KPDF ပူး ပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သလို အောက်တိုဘာ ၂၀ ရက်နေ့မှာလည်း မြစ်ကြီးနား - ဗန်းမော်လမ်းပိုင်းမှာ အရေးပါတဲ့ လိုင်လွမ်အောင်ဂျာ စခန်းကုန်းကြီးကို သိမ်းယူခဲ့ကြတာပါ။

အောက်တိုဘာလထဲမှာ KIA က သိမ်းပိုက်ထားတဲ့ လေးခုရှိပြီး ဒီတပ်စခန်း လေးခုစလုံးဟာ စစ်ရေးအရ အချက်အချာကျတဲ့ စစ်စခန်းတွေ ဖြစ်တယ်လို့ စစ်ရေးလ့လာသုံးသပ်သူတွေက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - ဂျူချန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required