အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ကို ချက်သမ္မတနိုင်ငံက အသိအမှတ်ပြု  

အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ကို ချက်သမ္မတနိုင်ငံက အသိအမှတ်ပြု  

မေ ၂၆

အမျိုးသားညီညွတ်ရေးအစိုး(NUG) ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးလင်းသန့်  ချက်သမ္မတ နိုင်ငံက တရားဝန်လက်ခံ အသိမှတ်ပြုလိုက်သည်။ 

ချက်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ မာကျင် တလာပါ က " မိမိတို့ မိတ်ဆွေရင်းချာ ဆက်ဆံရေးမှ တဆင့် သင်၏ နိုင်ငံတွင် လတ်တလောက် ရင်ဆိုင်နေရသော အလွန်ခက်ခဲသည့်အခြေအနေများကို ကျော်လွှားရန် အထောက်အပံ့ဖြစ်မည်ဟု အခိုင်အမာယုံကြည်ကြောင်း" မေလ ၂၄ ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချက်သမ္မတ နိုင်ငံက မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည့်နေ့ကတည်းကပင် စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ရှုံ့ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

မစ္စတာ မာကျင် တလာပါ က  အာဏာလုခံရသည့်  ရွေးကောက်ခံ ခေါင်းဆောင်များကို ထောက်ခံကြောင်းနှင့်  " မတရားသဖြင့် ဖမ်းဆီးထိမ်းသိမ်းခံနေရသော နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် တကွသော ကျန် ဖမ်းဆီခံထားရသူအားလုံးအား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်  “ တောင်းဆိုလိုက်သည်။ 

ချက်သမ္မတနိုင်ငံက ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH အား ထောက်ခံကြောင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းသည်ကို ကြိုဆိုပါကြောင်းလည်း ပါရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly