တရုတ်နိုင်ငံသားကိုဓားဖြင့်ထိုးသတ်မှု သံသယရှိသူနှစ်ဦးအား ချုပ်ရက်ရမန်ယူကာစစ်ဆေးနေ

တရုတ်နိုင်ငံသားကိုဓားဖြင့်ထိုးသတ်မှု သံသယရှိသူနှစ်ဦးအား ချုပ်ရက်ရမန်ယူကာစစ်ဆေးနေ
Photo - yangon police

မေလ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊ရွှေလင်ဗန်းစက်မှုဇုန်တွင်တရုတ်နိုင်ငံသားအား ဓားဖြင့်ထိုးသတ်ပြီး ပစ္စည်းလုယူသွားသည့်အမှုတွင် သံသယရှိသူအမျိုးသားနှစ်ဦးကိုမေလ ၁၄ရက်နေ့ကဖမ်းမိထား ကြောင်းသောင်ကြီးနယ်မြေရဲခန်း ထံမှ စုံစမ်းသိရှိရသည်။

သောင်ကြီးနယ်မြေရဲစခန်းမှာတာဝန်ကျအရာရှိတစ်ဦးက"ဟုတ်ပါတယ်။သူတို့ကိုမိထားပါတယ်။အခုမှသူတို့တိုင်းရုံးက ပြန်ရောက်တာ။ကျွန်နော်တို့ စခန်းမှာ အခုဆက်လက်စစ်ဆေးနေပါတယ် "ဟု  မဇ္ဈိမသတင်းဌာနကို အတည်ပြုပြောကြားသည်။

ဖြစ်စဉ်မှာမေလ၁၁ရက်နေ့ညနေပိုင်းအချိန်ကရွှေလင်ဗန်းစက်ဇုန်အတွင်းရှိဦးထွန်းညိုလမ်းတွင်တရုတ်နိုင်ငံသားမောင်းနှင်းလာသည့်မော်တော်ယာဉ်နှင့်ပြစ်မှုကျူးလွန်သူအမျိုးသားနှစ်ဦးစီးနင်းလာသည့်ဆိုင်ကယ်ပွတ်တိုက်မိသည်ဟု လိမ်လည်ကာဆိုင်ကယက်ကိုလဲချခဲ့သည်။သေဆုံးသူ တရုတ်အမျိုးသားမှာ ကားပေါ်မှဆင်းလာပြီးတံခါးအားလော့ချထားခဲ့ကြောင်းထိုတရုတ်အမျိုးသားသည် ကားနှင့်ဆိုင်ကယ်ချိတ်မိသည်ကို လျော်ပေးရန်ဆန္ဒမရှိသည့် ပုံပေါက်သဖြင့် စတင်စကားများရန်ဖြစ်ကြကြောင်း ကိုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ယင်းတရုတ်နိုင်ငံသားမှာအခင်းဖြစ်ပွားရာနေရာတွင်ရင်ညွန့်ဝဲဘက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာနံကြားထိုးသွင်းဒဏ်ရာတစ်ချက်၊ဝမ်းဗိုက်ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးသွားကြောင်းသိရသည်။

"အခုသူတို့ကို ရမန်ကြီး နှစ်ပတ်ယူထားပြီးနယ်မြေစခန်းမှပဲ ဆက်လက်စစ်ဆေးနေတာပါ။မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးဘက်ကတော့ ဆက်သွယ်လာတာမရှိသေးပါဘူး။စစ်ဆေးချက်အရ ပြစ်မှူကျူးလွန်ထားတာတွေရှိရင် ပုဒ်မထပ်တိုးသွားဖို့ရှိပါတယ်။လောလောဆယ်တော့ ၃၀၂ နဲ့ပါ "ဟု သောင်ကြီးနယ်မြေရဲစခန်းမှတာဝန်ကျ ရဲအရာရှိတစ်ဦးက ဆက်လက်ပြောဆိုသည်။

သေဆုံးသူအဆိုပါအမျိုးသားမှာရွှေလင်ဗန်းစက်မှုဇုန်အတွင်းရှိ ဆောက်လုပ်ရေးကုမဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူဟုသံသယရှိသူအမျိုးသားနှစ်ဦးမှာလှိုင်သာယာမြို့နယ်တွင်နေထိုင်ကြသူများဖြစ်ပြီး ပြစ်မှုကျူးလွန်သဟုယူဆရသူ ရဲကိုကို ကိုဖမ်းဆီးရမိပြီးနောက်ထွက်ပြေးတိမ်းရှောင်သူ ငပွေး(ခ)ဟန်ဝင်းထွန်း ကိုတိုက်ကြီးမြို့နယ်တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ပြစ်မှူကျူးလွန်သူဟုသံသယရှိသူ ရဲကိုကို နှင့်ငပွေး (ခ) ဟန်ဝင်းထွန်း ကို လှိုင်သယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်း က (ပ)၁၁၂၆/၂၀၂၀ ၊ရာဇတ်သတ်ကြီးဥပဒေပုဒ်မ၃၀၂ဖြင့်အမူဖွင့်အရေးယူထားကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly