သန်လျင်မြို့နယ်ရှိ မြို့မဈေးကြီးနှင့်ဘတ်စ်ကားမှတ်တိုင်များကို COVID-19 ကာကွယ်ဆေးဖြန်း

သန်လျင်မြို့နယ်ရှိ မြို့မဈေးကြီးနှင့်ဘတ်စ်ကားမှတ်တိုင်များကို COVID-19 ကာကွယ်ဆေးဖြန်း
ဓာတ်ပုံ - ချမ်းငြိမ်း

မတ် ၂၇။         ။ COVID-19 ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေးအတွက်  သန်လျင်မြို့နယ်က ဘတ်စ်ကားမှတ်တိုင်တွေနဲ့ မြို့မဈေးကြီးမှာ ပိုးသတ်ဆေးဖြန်းတာတွေကို  မတ်လ ၂၆ရက် ညပိုင်းကတည်းစတင်ပြီးတော့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်တော်၊မြို့နယ်စည်ပင်နဲ့လူမှုရေးအဖွဲ့အစည်းများပူးပေါင်းပြီး ပိုးသတ်ဆေး ဖျန်းသည့် လုပ်ဆောင်မှုကို တစ်ပတ်ကို နှစ်ရက်ခန့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က “ ကျွန်တော်တို့တစ်နိုင်ငံတည်းဖြစ်တဲ့ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့နိုင်ငံဆို နောက်ဆုံးမှာမှ ဖြစ်တဲ့နိုင်ငံတွေထဲမှာ ပါပါ တယ်။ အခြေအနေတစ်ခုကို ရင်မဆိုင်လို့မရပါဘူး။ ကျွန်တော်တို့ အကောင်းဆုံးရင်ဆိုင်သွားမယ်။ ဒီအခက်အဲကို သေချာပေါက် ကျော်လွှားနိုင်မယ်လို့ယုံကြည်ပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

လူသွားလူလာနည်းပါးချိန်နှင့် ဈေးဝယ်သူများမရှိသည့်  ညပိုင်းအချိန်မှာ သန်လျင်စည်ပင်၊ လွှတ်တော် ကိုယ်စားလှယ် သန်လျင်က လူမှုကူညီရေးအသင်းတွေပူးပေါင်းပြီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပိုးသတ်ဆေးဖျန်းတာတွေအပြင် လက်ဆေးရာနေရာတွေ လုပ်ဆောင်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း များ၊ အသိပညာပေးတာတွေကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ COVID-19 ရောဂါကူးစက်ပျံ့ပွားနေတာကြောင့် ပြည်ပနိုင်ငံရောက်မြန်မာနိုင်ငံသား တွေဟာလည်း အခုရက်ပိုင်းအတွင်းမှာတော့ ပြည်တွင်းကိုအလုံးအရင်းဖြင့် ဝင်ရောက်မှုတွေလည်းရှိနေပြီး လက်ရှိ သန်လျင်မြို့နယ်မှာတွင် ပြည်ပကပြန်လာသည့် မြန်မာနိုင်ငံသား ၉၀  နီးပါးရှိနေကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်းကို ပြန်လည်ဝင်ရောက်လာသည့် ပြည်ပကပြန်လာသူများကို ၁၄ရက်ကြာ စောင့် ကြည်မှုတွေလုပ်ဆောင်ပြီး စောင့်ကြည်လူနာတွေ၊ သံသယလူနာတွေ ထားရှိဖို့နေရာများကိုလည်း  ပြင်ဆင်ထားပြီးဖြစ် ကြောင်း သိရသည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲမြင့်က “ ဒီနေ့စမ်းသပ်မှုအရကတော့ စိုးရိမ်စရာ အခြေအနေမရှိပါဘူး။စိုးရိမ်စရာမရှိတဲ့အတွက် သူတို့ကို အိမ်မှာပဲ စောင့်ကြည်နေပါတယ်။ အိမ်မှာပဲထားပြီး တော့ သုံးနာရီခြား လေးနာရီခြားသွားပြီးကြည့်ရှု စောင့်ရှောက်နေပါတယ်” ဟု မဇ္ဈိမသို့ ပြောသည်။

ပိုးသတ်ဆေးဖျန်းတာတွေကို အဖွဲ့ နှစ်ဖွဲ့ခွဲထားပြီး သန်လျင်တံတားမှ ဘုရားကုန်းမှတ်တိုင်မှာပြန်ဆုံပြီး  သန်လျင်နည်းပညာတက္ကသိုလ်အထိ ဆေးဖျန်းခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၅ဦးအထိရှိနေပြီး သံသယလူနာ နှစ်ဦးနှင့် စောင့်ကြည်လူနာ ၃၂၂ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required