ကြံံ့ခိုင်ရေး မအူပင်မြို့ မဲဆွယ်ပဲ စည်ပင်နှင့် ဆောက်လုပ်ရေး ဌာနဆိုင်ရာကားများ အသုံးပြုဟုဆို

ကြံံ့ခိုင်ရေး မအူပင်မြို့ မဲဆွယ်ပဲ စည်ပင်နှင့် ဆောက်လုပ်ရေး ဌာနဆိုင်ရာကားများ အသုံးပြုဟုဆို

ဧရာဝတီတိုင်း အူပင်မြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီသည် အောက်တိုဘာလ၂၀ရက်က လှည့်လှည် စည်းရုံးစဉ် လှည့်လည်ပွဲအတွက် စည်ပင်နှင့် ဆောက်လုပ်ရေးဌာနဆိုင်ရာ ကားများကို အသုံးပြုခဲ့သည်ဆိုကာ တိုင်ကြားရန် စီစဉ်နေသည်ဟု မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ပြောသည်။

“ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတ်မှတ် ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာ ဖြစ်တဲ့အတွက် ဒီနယ်မြေမှာတော့ ခရိုင်ပေါ့ ခရိုက်ထက်ကြီးတာ တိုင်းပေါ့ ခရိုင်ကို ဦးတည်ပြီးတော့ တိုင်မယ် တိုင်းနဲ့ ဗဟိုကိုတော့ မိတ္တူ ပို့မယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ပြောသည်။

“လှည့်တဲ့အခါမှာ ဆောက်လုပ်ရေးကားတွေ အသုံးပြုထားတာကို တွေ့ရတယ်။ စည်ပင်ကားကိုလည်း တိပ်နဲ့ ကပ်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး တံဆိပ်ကြီး ကပ်ပြီးတော့ လှည့်တာကို တွေ့ရပါတယ်။ လှည့်တုန်းက ဌာနဆိုင်ရာကားတွေ သုံးတာတွေ့ရတယ် ဌာနဆိုင်ရာက ဝန်ထမ်းတွေ ပါတာတွေ့ရတယ်။ စတစ်ကာနဲ့ ပိတ်ပြီးတော့ လှည့်တာ အဲ့ဒီ စတစ်ကာက ပေါ်နေတယ် ဌာန ဆိုင်ရာကားတွေ ဖြစ်နေတယ်။ ဆောက်လုပ်ရေးဌာနက ကားတွေ ဖြစ်နေတယ်”  ဟု မျက်မြင်တွေ့ခဲ့ရသူ တစ်ဦးကလည်း ပြောသည်။

အူပင်မြို့နယ်၊ တိုင်းဒေသကြီး၂ မှ ဝင်ရောက် ရွေးချယ်ခံမည့် တိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းထွန်းကမူ “ကျွန်တော်တို့ စီမံတာမဟုတ်ဘူးဗျ၊ သင့်တော်ရာ ကောင်းမွန်ကြောင်းနဲ့ ခင်ရာမင်ရာ အနေအထားမျိုးနဲ့ သူတို့ ဆောင်ရွက်တာ ဖြစ်လိမ့်မယ်၊ကျွန်တော်တို့ မြို့နယ် အနေအထားနဲ့ ပရိတ်သတ်က အများကြီး ကျွန်တော်မြို့နယ်မှာရှိတဲ့ မော်တော်ကား အရေအတွက် ကျွန်တော်တို့ ညီအကိုတော် ဆိုက္ကား ဆရာတွေ အရေအတွက်၊ သုံးဘီးဆရာတွေ အရေအတွက် မပြည့်နိုင်ဘူးလေ၊ မပြည့်နိုင်တဲ့အတွက် ရပ်ရွာလူထုမှ သူတို့အဆင်ပြေသလို စီစဉ်ထားတာပဲ ဖြစ်လိမ့်မယ်၊ ကျွန်တော်တို့ ဘာမှမစီစဉ်ပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

သို့သော် NLD အမတ်လောင်း ဦးစိန်ဝင်းကမူ “အန်ကယ်တို့ မှတ်တမ်းတွေ ရှိပါတယ် အန်ကယ့်ဆီကို တင်ပြ တိုင်ကြားထားတာ ဖြစ်တယ်။ ဒါကို ဖျောက်ဖျက်ပစ်လို့ မရဘူး။ အင်တား ပြတာကောင်းပါတယ် သို့သော် အင်အား ပြပုံ ပြနည်းဟာ မလျော် သြဇာ သုံးပြီးတော့ ဌာနဆိုင်ရာက ကားတွေ ဌာနဆိုင်ရာက ဝန်ထမ်းတွေ ပါဝင် ပတ်သက်ပြီး ဆောင်ရွက်ခိုင်းတာကတော့ မလုပ်သင့်ဘူးပေါ” ဟု ပြောဆိုခဲ့သည်။

ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများအဖြစ် သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မည်ဖြစ်သည်။ အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိန်ဝင်း၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဒေါ်ခင်တင့်၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီမှ ဒေါ်အေးသီတာကျော်နှင့် အမျိုးသား တိုးတက်ရေးပါတီမှ ဦးနီအောင်ကိုတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကြံံ့ခိုင်ရေး မအူပင်မြို့ မဲဆွယ်ပဲ စည်ပင်နှင့်ဆောက်လုပ်ရေး ဌာနဆိုင်ရာကားများ အသုံးပြုဟုဆို“လှည့်တဲ့အခါမှာ ဆောက်လုပ်ရေးကားတွေ အသုံးပြုထားတာကို တွေ့ရတယ်။ စည်ပင်ကားကိုလည်း တိပ်နဲ့ ကပ်ပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး တံဆိပ်ကြီး ကပ်ပြီးတော့ လှည့်တာကို တွေ့ရပါတယ်။ လှည့်တုန်းက ဌာနဆိုင်ရာကားတွေ သုံးတာတွေ့ရတယ် ဌာနဆိုင်ရာက ဝန်ထမ်းတွေ ပါတာတွေ့ရတယ်။ စတစ်ကာနဲ့ ပိတ်ပြီးတော့ လှည့်တာ အဲ့ဒီ စတစ်ကာက ပေါ်နေတယ် ဌာန ဆိုင်ရာကားတွေ ဖြစ်နေတယ်။ ဆောက်လုပ်ရေးဌာနက ကားတွေ ဖြစ်နေတယ်” ဆက်ဖတ်ရန် - http://mizzimaburmese.com/article/6455

Posted by Mizzima - News in Burmese on Saturday, October 24, 2015

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required