ဖိလစ်ပိုင်မှာ ထရပ်ကား ချောက်ထဲထိုးကျရာ ကလေးငယ်တွေ အပါအဝင် လူ ၂၀ သေဆုံး

By AFP
17 September 2019
ဖိလစ်ပိုင်မှာ ထရပ်ကား ချောက်ထဲထိုးကျရာ ကလေးငယ်တွေ အပါအဝင် လူ ၂၀ သေဆုံး

မနီလာ၊ စက်တင်ဘာ ၁၇ ။         ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ခရီးသည်တင် ထရပ်ကားတစ်စီး  ချောက်ထဲ ထိုးကျရာက ကလေးငယ်တွေ အပါအဝင် လူ ၂၀ သေဆုံးကြောင်း ရဲက ပြောပါတယ်။

ဒီကားဟာ ကမ်းခြေဆီ သွားမယ့် ဒေသခံလူအုပ်ကို တင်ဆောင်ရင်း မောင်းနှင်လာရာ တီဘိုလီမြို့အနီးမှာ ယာဉ်မောင်းက ကားကို မထိန်းချုပ်နိုင်တော့ဘဲ ချောက်ထဲ ထိုးကျခဲ့တာလို့ သိရပါတယ်။
အင်္ဂါနေ့က ဖြစ်ပွားတဲ့ ဒီ ယာဉ်မတော်တဆမှုဟာ နိုင်ငံရဲ့ အန္တရာယ်အများဆုံး လမ်းတွေပေါ်မှာ နောက်ဆုံး ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုပဲ ဖြစ်ပါတယ်။

“မျက်မြင်တွေရဲ့ အပြောကတော့ ကားက ဘရိတ်ပေါက်သွားတယ်လို့ ပြောကြပါတယ်။ ဒီ မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းအရင်းမှန်ကို ကျွန်တော်တို့ ဒီထက် စုံစမ်းစစ်ဆေးသွားမှာ ဖြစ်ပါတယ်။”လို့ တီဘိုလီမြို့နယ်ရဲထောက်လှမ်းရေး ဂျော့တာဘာယန်က ပြောပါတယ်။

အစောပိုင်းက ဒီ ယာဉ်မတော်တဆမှုမှာ သေဆုံးသူဦးရေကို ၁၅ ဦး ကြေညာထားတာ ဖြစ်ပေမယ့် ဆေးရုံရောက်လာတဲ့ ၁၉ ဦးမှာ ငါးဦး သေဆုံးကြောင်း ဆရာဝန်တွေက အတည်ပြုလာလို့ သေဆုံးသူ ထပ်တိုးလာတာပဲ ဖြစ်ပါတယ်။

သေဆုံးသူတွေမှာ အသက် တစ်နှစ်အရွယ်ကနေ ခြောက်နှစ်ကြား ကလေးငယ်တွေလည်း ပါဝင်ပြီး ယာဉ်မောင်းဖြစ်သူကတော့ ဒဏ်ရာရတယ်လို့ ဂျော့တာဘာယန်က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ယာဉ်ကားတွေကို ထိန်းသိမ်းပြုပြင်မှု နည်းပါးတာနဲ့ သေချာလေ့ကျင့်သင်တန်းဆင်းထားတာ မဟုတ်တဲ့ ကားမောင်းသူတွေကြောင့် လမ်းတွေပေါ်မှာ အသေအဆုံး များတဲ့ ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required