ဆော်ဒီအာရေးဗျ ရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှု အမေရိကန် လက်တုန့်ပြန်မည်

By AFP
16 September 2019
ဆော်ဒီအာရေးဗျ ရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှု အမေရိကန် လက်တုန့်ပြန်မည်

စက်တင်ဘာ ၁၆ ။             ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဆော်ဒီအာရေးဗျ ရေနံချက်စက်ရုံတွေ တိုက်ခိုက်ခံရမှုအတွက် ပြန်လည်လက်တုန့်ပြန်ဖို့ အသင့်ရှိတယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၁၅ ရက်မှာ ပြောဆိုသွားခဲ့ပါတယ်။

ဆော်ဒီ ရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှုကြောင့် ကမ္ဘာ့ ရေနံစျေးနှုန်းတွေကို မြင့်တက်စေခဲ့သလို ၀ါရှင်တန်ဘက်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အီရန်အပေါ် အပြစ်တင်ထားပါတယ်။

ခုလို ဆော်ဒီ ရေနံလုပ်ငန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုအပေါ် အမေရိကန်ဘက်က စစ်ရေးအရ တုန့်ပြန်နိုင်တဲ့ အလားအလာနဲ့့ပတ်သက်လို့ သမ္မတ ထရမ့်က အရိပ်အမြွက် ပြောဆိုတာက ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

 “ ဆော်ဒီ အာရေးဗျ ရေနံလုပ်ငန်း တိုက်ခိုက်ခံခဲ့ရပါတယ်၊ ဒီကိစ္စမှာ ကျူးလွန်တဲ့ လက်သည်တရားခံကို ကျွန်တော်တို့ သိထားပြီးပါပြီ၊ ဒါနဲ့ပတ်သက်လို့ ယုံကြည်နိုင်လောက်တဲ့ အကြောင်းရင်းလည်း ရှိနေပါတယ်၊ ပြီးတော့ ဆော်ဒီဘက်က အကြောင်းပြန်လာမှုအပေါ် မူတည်ပြီး ကျွန်တော်တို့ ရှေ့ဆက်လုပ်သွားပါတယ်” ဆိုပြီး ထရမ့်က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၄ ရက် ဆော်ဒီ ရေနံချက်စက်ရုံတိုက်ခိုက်မှုဟာ မိမိတို့ လက်ချက်ဖြစ်ကြောင်း ယီမင်နိုင်ငံရှိ အီရန် ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီ သူပုန်တွေက ပြောထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးကတော့ ခုကိစ္စမှာ ယီမင်ဘက်က လုပ်ခဲ့တဲ့ သက်သေအထောက်အထား မတွေ့ရကြောင်း၊ ဒီ တိုက်ခိုက်မှု နောက်ကွယ်မှာ အီရန် ရှိနေကြောင်း ထုတ်ပြန်စွပ်စွဲထားခဲ့ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required