နာမည်ကျော် Angela Lee အား အက်တမ်ဝိတ်တန်းတွင် စိန်ခေါ်လိုသည့် Xiong

နာမည်ကျော် Angela Lee အား အက်တမ်ဝိတ်တန်းတွင် စိန်ခေါ်လိုသည့် Xiong

နာမည်ကျော် အာရှကိုယ်ခံ ပညာသိုင်းပေါင်းစုံ အားကစားမယ် Angela Lee သည် ပထမဆုံးအကြိမ်ရှုံးနိမ့်မှုကို ကြုံခဲ့ပြီးနောက် ဟာဝိုင်ယီ အိမ်သို့ပြန်ကာ နောက်ထပ်ပြိုင်ပွဲတစ်ခုကို ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည်။ ပွဲတိုင်းကျော်ခဲ့သော Lee ကို ရပ်တန့်ပေးခဲ့သည့် Xiong သည် စတောဝိတ်တန်း ချန်ပီယံခါးပတ်ကို ထိန်းသိမ်းနိုင်ခဲ့ရုံဖြင့် မတင်းတိမ်နိုင်သေးဘဲ ONE Championship ၏ အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုပါ မျက်စိကျနေသည်။

ကိုယ်ခံပညာသိုင်းပေါင်းစုံ ပရော်ဖက်ရှင်နယ် အားကစားသမား ရာဂဏန်းမျှသာရှိသေးသည့် တရုတ်နိုင်ငံက အဓိကမီဒီယာကြီးဟုဆိုနိုင်သည့် South China Morning Post ကလည်း စိန်ခေါ်သူ Xiong “The Panda” Jing Nan ၏ သတင်းအား တခုတ်တရရေးသားဖော်ပြခဲ့ပါသည်။

“ Angela Lee ကို စိန်ခေါ်ဖို့အခွင့်အလမ်းကို စောင့်ဆိုင်းနေခဲ့တာပါ။ အထူးသဖြင့် သူ့ဝိတ်တန်းမှာပေါ့၊ ဒီပွဲက သေချာပေါက်ဖြစ်ပါလိမ့် မယ်။ ဝိတ်တန်းဆင်းထိုးရလို့လည်း ပြဿနာမရှိပါဘူး၊ ကျွန်မယှဉ်ပြိုင်နိုင်ပါတယ်။ အားကစားသမားတိုင်းက ကိုယ့်ကိုကိုယ်စိန်ခေါ်ဖို့သင့်တယ်။ ကျွန်မကိုယ့်ကိုကိုယ်စိန်ခေါ်ဖို့ အက်တမ်ဝိတ်တန်းကို ဆင်းပါမယ်။ ဒီလိုနည်းနဲ့ ပိုပြီးတောက်ပြောင်လာရမယ်မဟုတ်လား” ဟု Xiong Jing Nan ကဆိုသည်။

အခြားတစ်ဖက်တွင်လည်း မွေးရာပါ ကိုယ်ခံပညာ အားကစားသမားဟု တင်စားနိုင်သူဖြစ်ပြီး ငယ်ရွယ်နုနယ်စဉ်ကပင် ကိုယ်ခံပညာအားကစားကို လေ့လာလိုက်စားခဲ့သူ Angela Lee သည် ပြီးခဲ့သော အရှုံးပွဲတွင် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဟု ဆိုပါသည်။ ၎င်းကလည်း ဝိတ်တန်း၂ခု၏ ကမ္ဘာ့ချန်ပီယံ အိပ်မက်မက်နေသူဖြစ်ပြီး လက်ရှိအချိန်တွင် စတောဝိတ်တန်းအား ဆက်လက်ထိန်း
ထားဆဲဖြစ်သည်။

တရုတ်အားကစားမယ်Xiongသည်ONEChampionshipစတောဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုကာကွယ်နိုင်ခဲ့သည့်ပွဲတွင်ဒုတိယအချီ၌၎င်း၏လက်မကျိုးခဲ့ရကြောင်းပြောပြခဲ့သည်။ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင်ထိုးသတ်ခဲ့သည့်  အဆိုပါပွဲတွင်စိန်ခေါ်သူဂျူဂျစ်ဆုခါးစည်းအနက်ပိုင်ရှင်AngelaLee၏ချုပ်ကွက်များအောက်တွင်အလူးအလဲရုန်းကန်ခဲ့ရသော်လည်းXiongသည်ကမ္ဘာ့ချန်ပီယံခါးပတ်နှင့်ထိုက်တန်သောစိတ်ဓါတ်မာကျောမှုအားထုတ်ဖော်ပြသနိုင်ခဲ့ပြီးချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ထူးခြားချက်မှာXiongသည်ပြိုင်ပွဲအချိန်ကြာမြင့်လာသည်နှင့်အမျှလက်သီးပြင်းအားပိုကောင်းလာခဲ့ခြင်းဖြစ်ပြီးစိန်ခေါ်သူအားဒိုင်ပွဲရပ်ဖြင့်အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။၂၀၁၈ခုနှစ်ကလည်းXiong“ThePanda”Jingnanသည် စင်္ကာပူအားကစားမယ်TiffanyTeoနှင့်ယှဉ်ပြိုင်စဉ်ကလည်းဒုတိယအချီမှာပင်အလားတူအခက်အခဲနှင့်ရင်ဆိုင်ခဲ့ရပြီးနာကျင်နေသည့်ကြားမှပြိုင်ပွဲအားဒိုင်ပွဲရပ်ဖြင့်အနိုင်ယူနိုင်ခဲ့ရာXiong၏စိတ်ပိုင်းဆိုင်ရာမာကျောမှုကိုခန့်မှန်းသိရှိနိုင်သည်။

ထို့အပြင် Xiong က ၎င်း၏ယှဉ်ပြိုင်ထိုး သတ်မှုပညာများ ပြောင်းလဲတိုးတက်မှုရှိကြောင်း ပြောသည်။“ကျွန်မကမတူကွဲပြားတဲ့စွမ်းရည်တွေ ကိုသင်ယူလေ့ကျင့်နေပါတယ်။ကျွန်မသင်ယူနိုင်ခဲ့တာတွေ အများကြီးပါပဲ”ထို့ကြောင့် ONE Championship ပြိုင်ပွဲ မှတ်တမ်း ၉ပွဲနိုင်၊ ၁ ပွဲရှုံးဖြစ်သည့် Angela Lee အတွက် Xiong ၏ အက်တမ်ဝိတ်တန်းအတွက် စိန်ခေါ်မှုမှာ သတိကြီးကြီးထားပြီးယှဉ်ပြိုင်ရမည့်ပွဲဖြစ်လာနိုင်သည်။

ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာအဖွဲ့ကြီး၏ အဆိုပါဝိတ်တန်းတွင်ONEChampionshipအားကစား နှစ်မျိုးကမ္ဘာ့ချန်ပီယံStampFairtex၏ပညာကုန်ထုတ်ပြမည့်ကြိုးဝိုင်းအဖြစ် လည်းမကြာမီတွင်မြင်တွေ့ရနိုင်ဖွယ် ရှိနေသည်။ Stamp Fairtex သည် သြစတေးလျ စိန်ခေါ်သူ Junikuကို အနိုင်ယူခဲ့ပြီးနောက် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားပြိုင်ပွဲများဆီသို့ ခြေဦးလှည့်ရန် ပြောဆိုမှုများရှိနေသည်။ သို့သော် ၎င်းအနေဖြင့် နာမည်ကျော် Angela Lee အားစိန်ခေါ်ရန်အတွက် အတွေ့အကြုံများစွာနှင့်လေ့ကျင့်ပြင်ဆင်မှုများစွာ လိုအပ်နေဆဲဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

“ ကျွန်မ ကိုယ်ခံပညာသိုင်း ပေါင်းစုံ အားကစားဘက် ကို သွားချင်ပါတယ်။ ဒါပေမဲ့ အက်တမ်ဝိတ်တန်းခါးပတ်အတွက်ဆိုရင်တော့ အများကြီးလိုအပ်ပါသေးတယ်။ အတွေ့အကြုံအများကြီးလိုပါတယ်” ဟု လက်ရှိအချိန်တွင် ONE Championship ၏ Kick Boxing ခါးပတ်ကို သိမ်းပိုက်ထားသည့် Stamp Fairtex ကဆိုသည်။“ကျွန်မAngelaLeeနဲ့မယှဉ်ပြိုင်ချင်သေးပါဘူး။သူကတကယ့်ကိုကြီးကျယ်တောက်ပတဲ့ကိုယ်ခံပညာအားကစားမယ်ပါ၊ အများကြီးလေ့ကျင့်ပြင်ဆင်ရပါဦးမယ်”

၎င်း၏အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဘွဲ့အား ပစ်မှတ်ထားနေသူများပေါ်ပေါက်ချိန်တွင်AngelaLeeသည် ဝိတ်တန်းနှစ်ခု၏ပထမဆုံးသောအမျိုးသမီးကမ္ဘာ့ချန်ပီယံဖြစ်ရေးဆိုသည့် အိပ်မက်အားလက် မလျော့သေး ပေ။စတောဝိတ်တန်း အား ဆက်လက်ထိန်းသိမ်းထား ပြီး လာမည့် ဇူလိုင်လ ၁၂ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ကျင်းပမည့် One: Masters of Destiny ပြိုင်ပွဲ၌ ပြိုင်ဘက် ဘရာဇီးအားကစားမယ်Michelle Nicolini နှင့် ယှဉ်ပြိုင်မည်ဖြစ်သည်။

အသက် ၂၂နှစ်အရွယ် Angela Lee သည် ပထမဆုံးအကြိမ် ရှုံးပွဲကြုံခဲ့ပြီးနောက် ပြန်လည်ပြိုင်ပွဲဝင်ပုံအား စိတ်ဝင်တစားစောင့်ကြည့်မည့် ပရိသတ်များထဲတွင် Xiong လည်း အပါအဝင်ဖြစ်နေပါလိမ့်မည်။

“ ကျွန်မ Angela Lee ကို လေးစားပါတယ်။ ဒါက ကစားသမားတစ်ဦးအနေနဲ့ ဘယ်လောက်ခက်ခဲမလဲဆိုတာ သိလို့ပါပဲ။ အကောင်း ဆုံးဖြစ်ဖို့ ဘာတွေ ပေးဆပ်ရသလဲဆိုတာကိုလည်း ကျွန်မသိပါတယ်။ ကျွန်မအတွက်တော့ ပြိုင်ပွဲကို အကောင်းဆုံးယှဉ်ပြိုင်ဖို့ အရေးကြီးပါတယ်။ ဒီလိုနည်းနဲ့ပဲ ပြိုင်ဘက်ရဲ့လေးစားမှုကို ရနိုင်တယ် မဟုတ်ပါလား” ဟု Xiong က ပြောဆိုခဲ့သည်။

“ သူ့ရဲ့နောက်တစ်ပွဲကို ကျွန်မ မျှော်လင့်နေတာပါ။ နှစ်ယောက်စလုံးက လုံးထွေးသတ်ပုတ်တာကောင်းတယ်။ Angela က တိုက်ခိုက်ထိုး နှက်မှုမှာ ပိုပြီးလေ့ကျင့်ထားတာကောင်းလို့ အသားစီးရနေတယ်။ အဲဒီထိုးနှက်မှုကို Nicolini ဘယ်လောက်ခုခံနိုင်မလဲဆိုတာကို ကျွန်မတို့ စောင့်ကြည့်ကြရမှာပေါ့။” ဟု Xiong က ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required