ဆီးရီးယားက ရုရှလေကြောင်းစစ်နှင့် ပတ်သက်ပြီး နေတိုးကာကွယ်ရေး ၀န်ကြီးများ စည်းဝေး

ဆီးရီးယားက ရုရှလေကြောင်းစစ်နှင့် ပတ်သက်ပြီး နေတိုးကာကွယ်ရေး ၀န်ကြီးများ စည်းဝေး

ဘရပ်ဆဲလ်တွင် နေတိုးကာကွယ်ရေးဝန်ကြီးများ တွေ့ဆုံစည်းဝေးခဲ့၍ ဆီးရီးယားတွင် ရုရှစစ်ရေးပါဝင်မှု ကြီးထွားလာခြင်း ပဋိပက္ခက ပို၍ မြင့်မားလာနိုင်သည်။

ရုရှတိုက်လေယာဉ်များ နိုင်ငံတွင်း ဝင်ရောက်လာ၍ တူရကီနိုင်ငံက အရေးဆိုပြီးနောက်တွင် ယခုကဲ့သို့ နေတိုးကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးတစ်ရပ် ထွက်ပေါ်လာခြင်းဖြစ်သည်။

နေတိုးဝန်ကြီးများ ယူကရိန်းတွင် ရုရှ၏ လုပ်ရပ်နှင့် ပတ်သက်ပြီးလည်း ပြန်လည်သုံးသပ်ခဲ့ကြဖွယ်ရှိသည်။

အဆိုပါ မဟာမိတ်နေတိုးကာကွယ်ရေးဝန်ကြီးများက မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို ရှင်းလင်းပြတ်သားစွာ တုံ့ပြန်ရေး ရည်ရွယ်လုပ်ဆောင်ခဲ့ကြောင်း ဘီဘီစီ ကာကွယ်ရေးသတင်းထောက်က ပြောသည်။

နေတိုးဝန်ကြီးများက တူရကီနှင့်အတူ ညီညွတ်မှုကို ပြသလိုက်ခြင်းဖြစ်ဖွယ်ရှိပြီး ယူကရိန်းအရှေ့ပိုင်းအရေးတွင် ရုရှ၏ ပါဝင်ပတ်သက်မှုနှင့် ပတ်သက်ကာ ဘယ်လ်တစ်အဖွဲ့ဝင်များကြား စိုးရိမ်မှုများ မြင့်တက်နေခြင်းအားလည်း ကိုင်တွယ်ဖြေရှင်းလာဖွယ်ရှိသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required