ခရုစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ခရုစားခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ခရုဆိုတာ ပင်လယ်စာတွေထဲက တစ်မျိုးဖြစ်ပြီး ရခိုင်စားသောက်ဆိုင်တွေမှာ မပါမဖြစ်တဲ့ မီနူးတွေထဲက တစ်ခုပါ။ ခရုသုပ်၊ ခရုချဉ်စပ်၊ ခရုဟင်းချို တို့ဆိုတာ စားဖူးတဲ့သူတိုင်းကြိုက်တဲ့ ကောင်းမှကောင်း ဟင်းလျာတွေပါ။ အရမ်းကြိုက်ကြတဲ့ သူတွေရှိသလို တစ်ချို့ ခရုနဲ့ ဓာတ်မတည့်တဲ့သူတွေလည်းရှိပါတယ်။ ခုဆောင်းပါးထဲမှာ ပြောပြချင်တာကတော့ ခရုကြိုက်တဲ့သူတွေအတွက် သတင်းကောင်းပဲ ဖြစ်ပါတယ်။ ခရုစားခြင်းရဲ့ကြောင့်ရနိုင်တဲ့ ကျန်းမာရေး အကျိုး ၆ ချက်တဲ့ ။ ။
ခရုစားခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုး ၆ ချက် ။ ။
၁ ။ ။ပရိုတင်း

ပင်လယ်စာတို့ရဲ့ ထုံးစံအတိုင်း ခရုဟာ ကယ်လိုရီအများကြီးမပါတဲ့ ပရိုတင်းကြွယ်ဝသော အသားတစ်မျိုးပါ။ဒါ့ကြောင့် ကိုယ်အလေးချိန် လျော့ချနေသူတွေ၊ ကြွက်သားတက် အောင်လုပ်နေတဲ့သူတွေအတွက် စားပေးလို့ရတဲ့ အသားတစ်မျိုးပဲ ဖြစ်ပါတယ်။ ပင်လယ်စာတွေအားလုံးထဲမှာမှ ခရုက ပရိုတင်း အကြွယ်ဝဆုံးပါ။
၂ ။ ။ သံဓာတ်

ခရုတွေဟာ သံဓာတ်အကြွယ်ဝဆုံအစားအစာတွေထဲက တစ်ခုဖြစ်တဲ့အတွက် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ခံစားနေရတဲ့သူတွေအတွက် အရမ်းကို သင့်တော်တဲ့ အစားအစာတစ်ခုပါ။
၃။  ။ဗီတာမင် B 12

နောက်ပြီး ခရုဟာ ဗီတာမင် B12 ကြွယ်ဝတဲ့ အစားအသောက်တစ်ခုဖြစ်တာကြောင့် သင့်အာရုံကြော အားကောင်းဖို့အတွက်လည်း သူက ကူညီပေးဦးမှာပါ။.
၄။ ။ မဂ္ဂနီဆီယမ်

သွေးပေါင်ချိန်ထိန်းညှိဖို့၊ နှလုံးအားကောင်းဖို့နဲ့ အရိုး တွေသန်မာဖို့အတွက် မဂ္ဂနီဆီယမ်က မရှိမဖြစ်ပါဘူး။ ဒီတော့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအသောက်တစ်ခုကို လိုက်ရှာနေတယ်ဆိုရင် ခရုက အကောင်းဆုံးပါ။
၅ ။ selenium

ကိုယ်ခန္ဓာမှာ selenium ဓာတ်ကို အများကြီးမလိုအပ်သော်လည်း ခုခံအားစနစ်နဲ့ ကိုယ်တွင်းဆဲလ်တွေ ထိခိုက်တာကို ကာကွယ်ပေးဖို့အတွက် selenium မရှိမဖြစ်ပေ။ ခရုမှ ကိုယ်တွင်းလိုအပ်ချက်စနစ်နဲ့ ကိုက်ညီတဲ့ selenium ပါပြီးသားဖြစ်တဲ့အတွက် စားပေးသ့င်တဲ့အရာတစ်ခုပါ။
၆ ။ ။ Omega-3

နှလုံးအတွက် တကယ်ကိုအရေးကြီးတဲ့ Omega-3 ဟာ ပင်လယ်စာတိုင်းမှာ ပါသလို ခရုမှာလည်း ကြွယ်ဝစွာပါတဲ့အတွက် ခရုဟာ သင့်နှလုံးအတွက် ထောက်ပံ့ပေးမယ့် အကောင်းဆုံး အစားအစာတစ်ခုပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required