ဖိလစ်ပိုင်မှာ ဝက်သက်ဖြစ်ပွားမှုကြောင့် လူ ၂၀၀ ကျော် သေဆုံး

ဖိလစ်ပိုင်မှာ ဝက်သက်ဖြစ်ပွားမှုကြောင့် လူ ၂၀၀ ကျော် သေဆုံး

မတ် ၂ ။         ။ ယခုနှစ်စပိုင်းကာလမှာ ဖိလစ်ပိုင်တွင် ဝက်သက်ဖြစ်ပွားမှုကြောင့် လူ ၂၀၃ ဦးထိ သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဒေတာကိန်းဂဏာန်းတွေအရ သိရပါတယ်။

ယင်းကာလအတွင်း စုစုပေါင်း ဝက်သက်ဖြစ်ပွားမှု ဖြစ်စဉ်ပေါင်း ၁၃,၄၇၀ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ အများစုဟာ ကာကွယ်ဆေး မထိုးတဲ့ ကလေးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၄-၁၇ ကာလအတွင်း ပြင်သစ်ဆေးကုမ္ပဏီက ထုတ်တဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တစ်မျိုး ထိုးပြီး ကလေး ၃၉ ယောက် သေဆုံးသွားတဲ့ ဖြစ်စဉ်ကြောင့် နောက်ပိုင်းကာလတွေမှာ ကလေးငယ်တွေရဲ့ ကာကွယ်ဆေးထိုးနှုန်းဟာ သိသိသာသာ လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ တုန်းကမှ နိုင်ငံမှာ ဝက်သက်ဖြစ်ပွားမှုဖြစ်စဉ်က ၂,၄၀၀ ခန့်သာ ရှိခဲ့ရာကနေ ၂၀၁၈ မှာဖြစ်စဉ်ပေါင်း ၁၈,၀၀၀ ထိ ခုန်တက်လာခဲ့တာဖြစ်ပါတယ်။

အာဏာပိုင်တွေအနေနဲ့လည်း ယခုနှစ် အစောပိုင်း ဖေဖော်ဝါရီတုန်းက ယင်း ဝက်သက်ဖြစ်ပွားမှုကို မြို့တော် မနီလာမှာပဲ အရေးပေါ်အခြေအနေ ကြေညာခဲ့ရာကနေ ယခုအခါ နိုင်ငံတစ်ဝှမ်း ပြည်နယ်အားလုံးကို ယင်းသတိပေးချက် ဖြန့်ကျက်ထားခဲ့ရပြီး ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required