မြစ်ရေအတက်အကျသိနိုင်မည့် Staff Gauge (သက်မဲ့ရေမှတ်တိုင်)များကို အဆင့်မြှင့်တင်နေ

မြစ်ရေအတက်အကျသိနိုင်မည့် Staff Gauge (သက်မဲ့ရေမှတ်တိုင်)များကို အဆင့်မြှင့်တင်နေ

မန္တလေး၊ဖေဖော်ဝါရီ ၁၃ ။       ။ မြစ်ရေတိုင်းတာရေး Staff Gauge (သက်မဲ့ရေမှတ်တိုင်)များကို နိုင်ငံတကာနှင့်ကိုက်ညီပြီး အများပြည်သူများ အလွယ်တကူ ကြည့်မြင်နိုင်ရန်အတွက် မိုး/ဇလ စခန်းများတွင် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်ဟု မိုး/ဇလ ဌာနခွဲ(ရုံးချုပ်-ရန်ကုန်)မှ ဦးစီးအရာရှိ ဦးတင်ထွန်းကပြောသည်။

"မြန််မာပြည်အောက်ပိုင်းကနေ စလုပ်ခဲ့တယ်။ Staff Gauge (သက်မဲ့ရေမှတ်တိုင်)အမှအသားလို့ ခေါ်တာပေါ့။ ကောင်းကျိုးက လူတိုင်းက ရေအမှတ်ကို ကြည့်နိုင်သွားမယ်။ဒီနေ့ မန္တလေးမြို့မြစ်ရေတက်လာသလားကို ကိုယ်တိုင်ကြည့်ပြီး ရေအမှတ််ဖတ်သွား ၁၀ မှာပြနေမယ်။နောက်တစ်နာရီလောက်မှာ ပြန််လာကြည့်တော့ ၂၀ ဖြစ်သွားပြီဆိုရင် တစ်နာရီအတွင်း မှာ(Time Duration)အရအဲဒီမှာ နောက်၅ နာရီဆိုရင် စိုးရိမ် ရေအမှတ် ရောက်တော့မလားဆိုတာ ကိုယ်တိုင်သိနိုင်တယ်။"ဟု မိုး/ဇလဌာနခွဲ(ရုံးချုပ်-ရန်ကုန်)မှ ဦးစီးအရာရှိ ဦးတင်ထွန်းကပြောသည်။

ထိုသို့ အဆင်မြှင့်တင်ခြင်းလုပ်ငန်းများကို WORLD BANK နှင့် AIRBM Project ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊မြောင်းမြ ၊မအူပင် ၊သာပေါင်း၊ ဇလွန်၊ဟင်္သာတ၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ပဲခူး၊ တောင်ငူ၊ဖြူး၊ဖားအံ၊မြဝတီ၊ စစ််ကိုင်းတိုင်းဒေသကြီးတွင် စစ်ကိုင်း၊ မြင်းမူ၊ကန္နီ ၊မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး၊ မြစ်ငယ်၊ရွေစာရံ စသည့်မြို့များသို့ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။ ထို့အပြင် ဖေဖော်ဝါရီ ၁၁ ရက်နေ့၌ မန္တလေးမြို့ ဧရာဝတီမြစ်ဆိပ်ကမ်းရှိ မိုးလေဝသနှင့် ဇလဗေဒစခန်းတွင် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"မချမ်းဘောထိ ဆက်လုပ်သွားပါမယ်။ရေအမှတ်တိုင်တွေက ဆိပ်ကမ်းနဲ့ ရေမျက်နှာပြင် အကွာ အဝေးပေါ် မူတည်တယ်။အခု မန္တလေးဆိုရင် ၉ တိုင်လောက်စိုက်ရတယ်။ပြောချင်တာက အနိမ့်ဆုံးရေအမှတ်ကနေ အမြင့်ဆုံး ရေအမှတ်ကို လွမ်းခြုံအောင်တည်ဆောက်ရတယ်။ခန္တီးဆိုရင် ရေမှတ်တိုင်ပိုများမယ်။"ဟု ဦးတင်ထွန်းက ဆက်ပြောသည်။

 ယခင်က မြစ်ရေအမှတ်တိုင်းတာရာတွင် ဌာနဝန်ထမ်းများကသာ ကြည့်ရှု့တိုင်းတာနိုင်ပြီးယခုအခါ အဆင့်မြှင့် တင်သည့် ရေအမှတ်တိုင်းတာရေးတွင် အများပြည်သူများက ဆိပ်ကမ်းသို့ရောက်ရှိကာ အချိန်နှင့် တပြေးညီ ကိုယ်တိုင်သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required