တရုတ်မှာ ကျင်းပတဲ့ ရေခဲပြင် ပြေးပွဲ လူထောင်ချီ ပါဝင်ယှဉ်ပြိုင်

တရုတ်မှာ ကျင်းပတဲ့ ရေခဲပြင် ပြေးပွဲ လူထောင်ချီ ပါဝင်ယှဉ်ပြိုင်

ဖေဖော်ဝါရီ ၁ ။          ။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက ဟေလောင်ကျန်း ပြည်နယ်မှာတော့ ထူးခြားတဲ့ ရေခဲပြင် ဖြတ်ကျော် ပြေးပွဲတစ်ခုကို ဇန်နဝါရီ ၂၇ ရက်က ကျင်းပခဲ့ပါတယ်။

အဆိုပါ ရေခဲပြင် ပြေးပွဲမှာ ပါဝင် ယှဉ်ပြိုင်သူ အယောက် ၁,၁၀၀ ကျော်တောင် ရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းပြည်နယ်က လက်ရှိအချိန်မှာ ရေခဲနေပြီဖြစ်တဲ့ ကျင်ပို ရေကန်ရဲ့ ရေခဲပြင်ပေါ်မှာ ယင်းပြေးပွဲကို ကျင်းပတာဖြစ်ပါတယ်။

ပါဝင် ယှဉ်ပြိုင်ကြတဲ့ အပြေးသမားတွေအနေနဲ့ ယင်း ရေခဲပြင် ပြေးပွဲမှာတော့ ၂၁ ကီလိုမီတာ အကွာအဝေး ပြေးပွဲ နဲ့ ငါး ကီလိုမီတာ ပြေးပွဲ နှစ်ခုအနက် နှစ်သက်ရာ တစ်ခုကို ရွေးချယ်ပြီး ယှဉ်ပြိုင်ခွင့် ရကြတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required