လူပေါင်း ၂၀၀ ကျော် သေဆုံးထားတဲ့ အင်ဒိုနီးရှားမှာ နောက်ထပ််ဆူနာမီ ထပ်ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ သတိပေး

လူပေါင်း ၂၀၀ ကျော် သေဆုံးထားတဲ့ အင်ဒိုနီးရှားမှာ နောက်ထပ််ဆူနာမီ ထပ်ဖြစ်နိုင်တယ်လို့ ပညာရှင်တွေ သတိပေး

ဂျကာတာ၊ ဒီဇင်ဘာ ၂၄ ။              ။ မီးတောင်ပေါက်ကွဲမှုကနေ ဆူနာမီဖြစ်ပြီး လူပေါင်း ၂၀၀ ကျော်ထက်မနည်းသေဆုံးခဲ့တဲ့ အင်ဒိုနီးရှားမှာ နောက်ထပ် ဆူနာမီ ထပ်ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက တနင်္ဂနွေနေ့မှာ သတိပေးလာပါတယ်။

အင်ဒိုနီးရှားမှာ အန်နက်ကရာကာတိုယာ မီးတောင်ပေါက်ကွဲပြီး ရေအောက်မြေပြိုမှုကြောင့် ဆူနာမီလှိုင်း ဖြစ်ပေါ်ခဲ့ဖွယ် ရှိတယ်လို့ ဗြိတိန်ရှိ The Open တက္ကသိုလ်က ဒေးဗစ်ရုသာရီက ပြောပါတယ်။

အန်နက််ကရာကာတိုယာကျွန်းဟာ ကရာကာတိုယာမီးတောင်ပေါက်ကွဲပြီး  ၁၉၂၈ ခုနှစ်လောက်ကမှ ဖြစ်ပေါ်လာတဲ့ ကျွန်းဖြစ်ပါတယ်။ ဒီ မီးတောင်ဟာ အကြိမ်ပေါင်း ၁၈၈၃ ကြိမ် ပေါက်ကွဲမှုဖြစ်ရာမှာ လူပေါင်း ၃၆၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ဇွန်လကစပြီး ဒီမီးတောင် ပြန်လည်လှုပ်ရှားလာခဲ့ကြောင်း Paris-South တက္ကသိုလ်က မာရီဘတ်ဒင််ဇက်ဖ်က ပြောပါတယ်။

စနေနေ့ညကတော့ ဒီမီးတောင်ဟာ ပေါက်ကွဲမှုဖြစ်ပြီး ရေအောက်မြေပြိုမှုဖြစ်လို့ အင်ဒိုနီးရှားနိုင်ငံမှာ ဆူနာမီ ဖြစ်ပေါ်ခဲ့ပါတယ်။ ခြောက်လအတွင်း သုံးကြိမ်မြောက် ဖြစ်ပေါ်တဲ့ ဆူနာမီဖြစ်ပြီး ခု ဖြစ်ပေါ်တဲ့ ဆူနာမီလှိုင်းတွေအောက်မှာ လူပေါင်း ၂၈၁ ဦးအထိ သေဆုံးကြောင်း လက်ရှိကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

မီးတောင်ပေါက်ကွဲမှုတွေနဲ့ ငလျင်တွေ ဖြစ်ပေါ်တတ်ရာ ပစိဖိတ် မီးစက်ကွင်းအတွင်းမှာ ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ရှင်ပေါင်း ၁၂၇ လုံးအထိ ရှိထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required