ဘားအံမြို့နယ်တွင် ဆိုင်ကယ်ဝင်တိုက်မိရာ လူတစ်ဦး သေဆုံးမှု ဖြစ်ပွား

By သူသူသန့်စင်၊ အဂ္ဂနွန်
18 December 2018
ဘားအံမြို့နယ်တွင် ဆိုင်ကယ်ဝင်တိုက်မိရာ လူတစ်ဦး သေဆုံးမှု ဖြစ်ပွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ။             ။ ဘားအံမြို့နယ်၊ သာမညကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်၊ ည ၇ နာရီခွဲခန့်က ဆိုင်ကယ်တိုက်မိ၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာနေ မောင်သိန်းမောင်းနှင့် ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းလာ သော သားဖြစ်သူ မောင်အောင်ချစ်မင်းတို့သည် ဘားအံဘက်မှ သာမညကျေးရွာဘက်သို့ မောင်းနှင်လာစဉ် လားရာတူလမ်း၏ ယာဘက်တွင်လမ်းလျှောက်နေသော မောင်ပြည့်စုံဖြိုးကို ဝင်တိုက်ခဲ့ကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရသည်။

ဝင်တိုက်မိခဲ့သည့် မောင်ပြည့်စုံဖြိုးသည် ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာနေသူဖြစ်ပြီး ၎င်းမှာ နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ဝဲမျက်ခုံးပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ထို့ပြင် ဆိုင်ကယ်နောက်လိုက်ပါခဲ့သည့် မောင်သိန်း၏ သားဖြစ်သူ မောင်အောင်ချစ်မင်းမှာလည်း ဝဲနဖူးထိပ် ပေါက်ပြဲ ဒဏ်ရာနှင့်  ဝဲမျက်လုံးအောက် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်။

ဆိုင်ကယ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိ သေဆုံးစေခဲ့သူ မောင်သိန်းကို ရဲအုပ် လှငွေက တရားလို ပြုလုပ်ပြီး နမစ(အိန္ဒူ) ယာဉ်(ပ) ၂၂/၂၀၁၈၊ ရာဇာသတ်ကြီးပုဒ်မ ၃၀၄ -က/၃၃၇ အရ အမှုရေးဖွင့်ပြီး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly