ကျူးဘားမှာ ဂျုံ ပြတ်လပ်မှုကြောင့် ပြည်သူတွေ အခြေခံစားကုန် ပေါင်မုန့် ဝယ်ဖို့ ခက်ခဲနေ

ကျူးဘားမှာ ဂျုံ ပြတ်လပ်မှုကြောင့် ပြည်သူတွေ အခြေခံစားကုန် ပေါင်မုန့် ဝယ်ဖို့ ခက်ခဲနေ

ဒီဇင်ဘာ ၁၄ ။              ။ ကျူးဘားနိုင်ငံမှာတော့ ယခုလက်ရှိကာလအတွင်း ဂျုံ ရှားပါးပြတ်လပ်မှုကြောင့် အခြေခံစားကုန် တစ်မျိုးဖြစ်တဲ့ ပေါင်မုန့်ကို အလုံအလောက် ထုတ်လုပ်ရောင်းချပေးနိုင်ဖို့ ရုန်းကန်နေရလျက် ရှိကြောင်း သိရပါတယ်။

မြို့တော် ဟာဗားနား တစ်ဝန်းမှာ ရှိတဲ့ မုန့်ဆိုင်တွေမှာလည်း ပြည်သူတွေ ပေါင်မုန့် ဝယ်ဖို့အတွက် နာရီများစွာ တန်းစီစောင့်ဆိုင်းနေကြရလျက် ရှိတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါ ကျွန်းနိုင်ငံမှာ အရေးပါတဲ့ ဂျုံစက်တစ်ချို့ စက်ပျက်လို့ မလည်ပတ်နိုင်ဘဲ ဖြစ်နေရာကနေ ဂျုံ်လည်း ပြတ်လပ်လာပြီး ပေါင်မုန့်ကိုလည်း လိုသလောက် မထုတ်လုပ်နိုင်ဘဲ ဖြစ်နေရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required