ဂျပန်မှ တစ်ပတ်ရစ်ရထားတွဲများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်

ဂျပန်မှ တစ်ပတ်ရစ်ရထားတွဲများ ရန်ကုန်ဆိပ်ကမ်းသို့ရောက်
သြဂုတ်လအတွင်းကလည်း ဂျပန်မှ ရထားတွဲများ ရောက်ရှိခဲ့သေးသည်။

စက်တင်ဘာ ၇ ရက် ။          ။ ဂျပန်နိုင်ငံတွင် ပြေးဆွဲခြင်းမပြုတော့သည့် တစ်ပတ်ရစ် ရထားတွဲဟောင်းများကို မြန်မာမီးရထား ဝန်ဆောင်မှု တွင် ပြန်လည်အသုံးပြုကာ ခရီးစဉ်များ ပြေးဆွဲမည်ဖြစ်သည်။

ဒီဇယ်ရထားတွဲ ၂၃ စီးသည် ရန်ကုန်ဆိပ်ကမ်းသို့ စက်တင်ဘာ ၅ ရက်က ရောက်ရှိသည်။ မြန်မာနိုင်ငံ မီးရထားဝန်ဆောင်မှုအတွက် လိုအပ်ချက်များကို ယင်းရထားတွဲ များဖြင့်ပြေးဆွဲခြင်းဖြင့်ဖြည့် ဆည်းပေးနိုင်မည်လည်းဖြစ်သည်။

နိုင်ငံတွင်း ရထားစီးနင်းသူအရေအတွက် များပြားလာခြင်းကြောင့် ရထားလမ်းများနှင့် စီးရေလုံလောက်မှု ရှိစေရေးက အခက်အခဲတစ်ရပ်ဖြစ်နေသည်။ မြန်မာနိုင်ငံက ဂျပန်အကူအညီဖြင့် ရထား ဝန်ဆောင်မှု လုပ်ငန်းများကို ခေတ်မီအောင် စီစဉ်လုပ်ဆောင်လျက်ရှိနေသည်။

လက်ရှိ မြန်မာ့မီးရထားလုပ်ငန်းတွင် အသုံးပြုနေသည့် ဂျပန်ရထားတွဲများမှာ ၂၀၀ ဝန်းကျင်ရှိသည်။ ယခု ဆိပ်ကမ်းမှ တင်ပို့သည့် ရထား ၂၃ တွဲ မှာလည်း ဒုတိယမြောက် အကြီးဆုံးအဖြစ် တင်ပို့မှုဖြစ် သည်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလောက်စွာမရှိသေးသဖြင့် ဒီဇယ်စက်ခေါင်းအင်ဂျင်ရထားများ လိုအပ်ချက်များပြားနေခြင်းဖြစ်သည်။

နိုင်ငံပိုင်မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ယခုအသစ်ရောက်ရှိလာသည့် ရထားတွဲများကို ဆယ်နှစ်နှင့် အထက်အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်းပြောသည်။

ယင်းရထားတွဲများက သက်သောင့်သက်သာရှိပြီး လုံခြုံဘေးကင်းစွာ စီးနင်းနိုင်ခြင်းကြောင့် ခရီးသည်များက နှစ်ခြိုက်သဘောကျကြကြောင်းလည်း ၎င်းအရာရှိက ပြောခဲ့သည်။

Ref; NHK WORLD News

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required