သုတ်ပိုးပြတ်လပ်နေသည့် ဗြိတိန် သုတ်ပိုးဘဏ် ယောကျ်ားများကို ယောကျ်ားပီသကြောင်း သက်သေပြဖို့ ဖိတ်ခေါ်နေရ

သုတ်ပိုးပြတ်လပ်နေသည့် ဗြိတိန် သုတ်ပိုးဘဏ် ယောကျ်ားများကို ယောကျ်ားပီသကြောင်း သက်သေပြဖို့ ဖိတ်ခေါ်နေရ

လန်ဒန်၊ စက်တင်ဘာ - ၂ ။          ။ ဗြိတိန်နိုင်ငံ၏ အမျိုးသားသုတ်ပိုးဘဏ်မှာ တည်ထောင်ပြီးကတည်းက မှတ်ပုံတင်ထားသည့် အလှူရှင် ၉ဦးသာ ရှိသေးသောကြောင့် သုတ်ပိုးရှားပါးပြတ်လပ်မှု ကိုပြေလည်စေရန်အတွက် အမျိုးသားများအား ၎င်းတို့၏ ယောကျ်ားပီသမှုကို သက်သပြရန် တိုက်တွန်းနေရသည်။

‘ယောကျ်ားတို့ သင့်ရဲ့တန်ဖိုးကို သက်သေပြပါ။ ရှင် ဘယ်လောက်ကောင်းတယ်ဆိုတာ ကျမကိုပြပါလို့ ပြောပြီး ကြော်ငြာခဲ့ရင် အလှူရှင် ရာပေါင်းများစွာရလာနိုင်တယ်’’ဟု သုတ်ပိုးဘဏ်၏ အမှုဆောင် အရာရှိချုပ် လော်ရာ ဝစ်ဂျင်းက ဂါဒီးယန်းသတင်းစာသို့ ပြောကြားခဲ့သည်။

‘ဒါက ဒိန်းမတ်လူမျိုးတွေ လုပ်လေ့ရှိတဲ့နည်းပေါ့။ သူတို့က ဒါဟာ ဗိုက်ကင်းကျူးကျော်မှုပဲ။ ဒိန်းမတ်ရဲ့ ပို့ကုန်တွေက ဘီယာ၊ လီဂိုနဲ့ သုတ်ပိုးတွေပဲ။ ဒါကိုပဲ ဂုဏ်ယူနေရတာလို့ သူတို့က တခုတ်တရပြောကြ တာပေါ့’’ဟု သူမ ကပြောကြားသည်။  

ဒိန်းမတ်၏ ပုဂ္ဂလိကပိုင် အကြီးမားဆုံးသုတ်ပိုးဘဏ်ကြီး ခရိုင်ယော့စ် (Cryos)မှာ မှတ်ပုံတင်ထားသော သုတ်ပိုးအလှူရှင် ၄၅၀ကျော် ပိုင်ဆိုင်ထားပြီး နိုင်ငံပေါင်း ၈၀ကျော်သို့ သုတ်ပိုးများ တင်ပို့နေသည်။

ကြော်ငြာလှုပ်ရှားမှု၏ မဟာပုရိသ (superman)အယူအဆတွင် အလှူရှင်များအနေဖြင့် ခဲခြင်းနှင့် ဖျော်ခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းရှင်သန်နိုင်သည်အထိ လုံလုံလောက်လောက်သန်မာသည့် သုတ်ပိုးများ ကိုပိုင်ဆိုင်ထား ရမည်ဟူသော ပြင်းထန်သည့် ကန့်သတ်ချက်တော့ ရှိနေပါသည်။  

သုတ်ပိုးဘဏ်ကြီးတွင် တစ်နှစ်နီးပါးကြာပြီးနောက်တွင်လည်း အလှူရှင် တစ်ဦးစနှစ်ဦးစသာ ရသေးသည်မှာ လုပ်ငန်းစဉ်၏ ပြင်းထန်ကြမ်းတမ်းမှုသည်လည်း အကြောင်းရင်းတစ်ခုဖြစ်သည်။

ယောကျ်ားအယောက်၁၀၀လောက် စစ်ဆေးမှ တင်းပြည့်ကျပ်ပြည့် စံမှီသည့်အလှူရှင် တစ်ဦးတစ်လေသာ ရတတ်သည်ဟု ဝစ်ဂျင်းက ဘီဘီစီကို ပြောသည်။ အရည်အသွေးပြည့်မှီသည့် အလှူရှင်မှာ လည်းဆေးခန်းသို့ တစ်ပတ်လျှင်နှစ်ကြိမ်နှုန်းဖြင့် ၄လဆက်တိုက်လာရပြီး မလာမီနှစ်ရက်အထိ လိင်ဆက်ဆံခြင်း (သို့မဟုတ်) တစ်ကိုယ်ရေအာသာဖြေခြင်း မပြုလုပ်ရပါ။ အလှူရှင်များမှာ တစ်ဆက်ရှင်စာ အတွက် ဘဏ်မှ ၃၅ပေါင် (၅၄ဒေါ်လာ)ရရှိသည်။  

 ‘ပိုက်ဆံအတွက်တော့ မလုပ်သင့်ပါဘူး။ ပိုက်ဆံကလည်း မများလှပါဘူး။ လူတွေကို မိသားစုဘဝနဲ့ နေနိုင်ကြအောင် လာလှူကြဖို့ ယောကျ်ားတွေကို တောင်းဆိုနေတာပါ’’ဟု ဝစ်ဂျင်းက ဘီဘီစီသို့ပြော ကြားခဲ့သည်။

ဗြိတိန်တွင် အချို့ကုမ္ပဏီများက လူသားသုတ်ပိုးကို နမူနာတစ်ခုလျှင် စတာလင်ပေါင် ၉၅၀လောက်ဖြင့် ရောင်းချနေသည်။ အင်တာနက်တွင်လည်း ဝယ်ယူရရှိနိုင်သည်။

၂၀၀၅ခုနှစ်က ပြဌာန်းခဲ့သည့် ဗြိတိသျှ အမည်မဖော်သည့် စဉ်းမျဉ်းအရ လှူဒါန်းသည့် သုတ်ပိုးမှ ကိုယ်ဝန်ရလာခဲ့သည့် ကလေးငယ်မှာ အသက် ၁၈နှစ်အရွယ်ရောက်သည့်အခါ အလှူရှင် မည်သူမည်ဝါ သိပိုင်ခွင့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required