ချစ်သူရှာဖို့ ခက်ခဲနေရသည့်အကြောင်းရင်းကို ဖွင့်ဟခဲ့သည့် ပါ့ခ်ဟေးဂျင်

ချစ်သူရှာဖို့ ခက်ခဲနေရသည့်အကြောင်းရင်းကို ဖွင့်ဟခဲ့သည့် ပါ့ခ်ဟေးဂျင်

 

တောင်ကိုရီးယား၏ နာမည်ကြီးမင်းသားများထဲမှတစ်ဦးဖြစ်သော ပါ့ခ်ဟေးဂျင်က သူသည် မည်သည့်အတွက် ကြောင့် ချစ်သူအသစ်ရှာဖွေဖို့ ခက်ခဲနေရသည့်အကြောင်းရင်းကို မကြာသေးခင်က ပြုလုပ်ခဲ့သော အင်တာဗျူး ထဲ၌ ဖွင့်ဟပြောဆိုခဲ့သည်။

Cheese in the Trap ဒရာမာဇာတ်လမ်း၏ ခေါင်းဆောင်မင်းသားဖြစ်သူက သူသည် အချစ်ရေးကိစ္စများကို လေးလေးနက်နက်စဉ်းစားလေ့ရှိကြောင်းနှင့် လက်ထပ်ဖို့ရည်ရွယ်ထားခြင်းမရှိပဲ ချစ်သူအဖြစ်လက်တွဲလေ့မရှိ ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

“ချစ်သူအဖြစ်လက်တွဲတာနဲ့ လက်ထပ်တာနဲ့ဟာ ကွဲပြားတဲ့အရာတွေလို့ ကျနော်မယူဆပါဘူး။ တချို့လူတွေက ချစ်သူထားတာကို ဘာလို့လွယ်လွယ်လေး သဘောထားလဲ ကျနော်နားမလည်ပါဘူး။ ကျနော်ကြိုက်တဲ့ တစ်ယောက်ယောက်ကို စတွေ့လိုက်ပြီဆိုတာနဲ့ အချိန်အကြာကြီး ချိန်းတွေ့ပြီး လေ့လာလေ့ရှိပါတယ်” ဟု သူက ပြောခဲ့သည်။

ဆက်လက်ပြီး ပါ့ခ်ဟေးဂျင်က “ကျနော် ချစ်သူအဖြစ်လက်တွဲလိုက်ပြီဆိုတာနဲ့ လက်ထပ်ဖို့ကိစ္စကို ခေါင်းထဲမှာ တွေးထားလေ့ရှိပါတယ်။ လက်ထပ်ဖို့ကိုပဲ တွေးနေတာပါ။ ဒါကြောင့် ချစ်သူရည်းစားထားဖို့ဆိုတာ ကျနော့် အတွက် အရမ်းကိုခက်ခဲနေတဲ့ကိစ္စပါ။ ဘယ်တော့လောက်မှ ပြန်ပြီးရည်းစားထားဖြစ်မလဲတော့ မသိသေးပါဘူး။ ဒါပေမယ့် ထားပြီဆိုတာနဲ့ ကျနော် လက်ထပ်ဖို့ကိုပဲ တွေးနေမှာပါ” ဟု ပြောခဲ့သည်။

ဒါ့အပြင် ပါ့ခ်ဟေးဂျင်က သူသည် အချစ်ရေးထက် သူ၏အနုပညာလုပ်ငန်းများကိုသာ ပိုမိုအာရုံစိုက်ထားသည် ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ကျနော် မိန်းကလေးတွေနဲ့ ချိန်းမတွေ့ဖြစ်သေးတဲ့အကြောင်းကလည်း ကျနော်အရမ်းအလုပ်များနေလို့ဖြစ်ပါ တယ်။ ရည်စားရလာခဲ့ရင် သူမကို အချိန်ပြည့်ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးနိုင်မှာမဟုတ်ပါဘူး။ အလုပ် တွေပိနေလို့ဆိုပြီး ဆင်ခြေတွေပဲပေးနေမိပါလိမ့်မယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ အလုပ်ကိုပဲ အာရုံစိုက် ထားပါတယ်ဗျာ” ဟု ပါ့ခ်ဟေးဂျင်က အင်တာဗျူး၌ ဖြေကြားခဲ့သည်။

Ref: Soompi

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required