အယ်လ်ဘေးနီးယားနိုင်ငံ မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး လူပေါင်းရာနဲ့ချီ ပိတ်မိနေ

အယ်လ်ဘေးနီးယားနိုင်ငံ မြောက်ပိုင်းတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ပြီး လူပေါင်းရာနဲ့ချီ ပိတ်မိနေ

 

မတ် ၁၀ ။            ။ ဥရောပအရှေ့တောင်ပိုင်းနိုင်ငံတစ်နိုင်ငံဖြစ်သည့် အယ်လ်ဘေးနီးယားနိုင်ငံ မြောက်ပိုင်းတွင် ပြီးခဲ့သည့် ရက်ပိုင်းက မိုးကြီးပြီး ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့၍ ယခုအခါ လူပေါင်းရာနဲ့ချီ ပိတ်မိနေလျက်ရှိကြောင်း အာဏာပိုင်များက ပြောသည်။

ရေလွှမ်းမိုးမှုများအတွင်း ပိတ်မိနေသူများကို ကူညီပေးနိုင်ရန်အတွက် စစ်တပ်ကို တပ်ဖြန့်ချထားခဲ့ရကြောင်းလည်း သိရသည်။

ယခုအခါ Shkodra ဒေသရှိ ကျေးရွာများအပါအဝင် စိုက်ပျိုးမြေ ဟက်တာပေါင်း ၉,၂၃၀ ရေဖုံးလွှမ်းခံထားရလျက်ရှိရာ သွားရေးလာရေးအတွက် လှေများကိုသာ အဓိကအားထားအသုံးပြုနေရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ယခုအခါ စစ်တပ်တာဝန်ရှိသူများအနေဖြင့် ရေဘေးသင့် ပြည်သူများကို ကူညီရွှေ့ပြောင်းပေးခြင်း၊ လိုအပ်သည့် အစားအစာရိက္ခာများ ထောက်ပံ့ပေးခြင်းတို့ကို လုပ်ဆောင်နေရလျက်ရှိသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြေပြိုမှုများပါ ပေါ်ပေါက်ခဲ့ပြီး နေအိမ်ဒါဇင်နဲ့ချီ ပျက်စီးခဲ့ရကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required