မသန်စွမ်းသူ၊သက်ကြီးရွယ်အိုများ နေ့စဉ်အခမဲ့ စီးနိုင်မည့် YBS ရ၈ ဘတ်စ်ကားအသစ်များဖြင့် စတင်ပြေးဆွဲ

မသန်စွမ်းသူ၊သက်ကြီးရွယ်အိုများ နေ့စဉ်အခမဲ့ စီးနိုင်မည့် YBS ရ၈ ဘတ်စ်ကားအသစ်များဖြင့် စတင်ပြေးဆွဲ

ဖေဖော်ဝါရီ ၁၈ ။            ။ မသန်စွမ်းသူ၊သက်ကြီးရွယ်အိုများ နေ့စဉ်အခမဲ့ စီးနိုင်မည့်  YBS ၇၈ ယာဉ်လိုင်းကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဘတ်စ်ကားအသစ်စက်စက် အစီးရေ ၅၀ ဖြင့် လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှ စတင်ပြေးဆွဲခဲ့ပြီး စတင်ပြေးဆွဲသောနေ့တွင် အခမဲ့ပြေးဆွဲခဲ့သည်။

အဆိုပါ YBS ၇၈ ပြေးဆွဲမည့်ခရီးစဉ်မှာ တညင်းကုန်းဘူတာဈေးကြီးမှ တညင်းကုန်းလမ်းဆုံ -ဖော့ကန် ဘိုကုန်း- အင်းစိန်ပန်းခြံ- သမိုင်းလမ်းဆုံ -လှည်းတန်း- မြေနီကုန်း -စံပြ -မဟာဗန္ဓုလလမ်း -ဆူးလေ- ဘူတာကြီး ဂိတ်ဖျားဖြစ်ပြီးအပြန် အနော်ရထာလမ်းမှ လာရာလမ်းအတိုင်းဖြစ်ပါသည်ဟု သိရသည်။

၂၀၁၇ မော်ဒယ် Foton Brand New Bus ယာဉ်စီးရေ ၅၀ စီးဖြင့် ပြေးဆွဲမည့် အဆိုပါ YBS ၇၈ ဖြင့် သံဃာတော် ၊ သီလရှင်များ ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ကျန်းမာရေးမကောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မူလတန်း၊  အလယ်တန်း ကျောင်း သားကျောင်းသူများ ယာဉ်စီးခ နေ့စဉ်( အခမဲ့ဖြစ် ) ပါသည်ဟုလည်း လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှ သိရသည်။

လူထုမိတ်ဆွေကုမ္ပဏီတွင် Power Eleven ကုမ္ပဏီ ၊ အောင်မြင်သူဂရုပ် နှင့် လုပ်ငန်းရှင်များ ပါဝင်ပြီး ဘတ်စ်ကား အသစ် စီးရေ ၅၀၀ ကျော် ဖြင့် ပြေးဆွဲမည့် YBS ယာဉ်လိုင်းအသစ်တစ်ခုကို  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမူအာဏာပိုင်အဖွဲ့၏ လမ်းညွန်ချက်နှင့်အညီ ပိုမိုကောင်းမွန်သော သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်ပေါ်လာစေရေးအတွက် ဝန်ဆောင်မူကောင်းမွန်သောယာဉ် လိုင်းများကို ကျွန်တော်တို့ လူထုမိတ်ဆွေအများပိုင်ကုမ္ပဏီမှ YBS ၇၈ ယာဉ်လိုင်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင် စတင်ပြေးဆွဲမည်ဖြစ်ပါသည်ဟု Power Eleven ကုမ္ပဏီဥက္ကဋ္ဌ ကိုတရုတ်လေးက ပြောထားသည်။

ထို့ပြင် “ ရွေပြည်သာ အင်းစိန်လမ်းမကြီးတစ်လျောက် ခရီးသွားနေသော ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ လိုရာခရီးကို သက်တောင့်သက်သာ သွားလာနိူင်ရေးအတွက် ကျွန်တော်တို့အနေနှင့် ဝန်ဆောင်မှု ကောင်းမွန် သောယာဉ်များကို ၂၀၁၈ ခုနှစ်တွင် ထပ်မံပြီးတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပါသည်” ဟု လူမှုကွန်ယက်မှတဆင့် ကိုတရုတ်လေးက ပြောဆိုထားသည်။

YBS ၉၃ ယာဉ်လိုင်းကိုလည်း ထပ်မံပြေးဆွဲတော့မည်ဖြစ်ပြီး အနောက်ပိုင်းတက္ကသိုလ် တညင်းကုန်း လမ်းဆုံ ခရေပင်လမ်းခွဲ အမှတ် ၃ လမ်းဆုံ မဥက္ကလာအဝိုင်း ဝေဇယန္တာလမ်း သုဝဏ္ဏလမ်းဆုံ ကြက်ဘဲဈေး အေဘီစီ ပုဇွန်တောင်ဈေး လမ်း ၅၀ အနော်ရထာလမ်း ဘူတာကြီး ဂိတ်ဖျားမှ ဗိုလ်ချုပ်လမ်း လမ်း ၅၀ ပုဇွန်တောင်ဈေးမှ လာရာလမ်းအတိုင်း ခရီးစဉ်ဖြစ်သည်။

အဆိုပါလူထုမိတ်ဆွေကုမ္ပဏီ လက်အောက်ရှိ ယာဉ်လိုင်းများ အားလုံး၊ လုပ်ငန်းများအားလုံးကို ပူးပေါင်း ဆောင်ရွက်နေပြီး လက်ရှိတွင် Power Eleven ကုမ္ပဏီလက်အောက်တွင် YBS ၂၁ ၊ ၄၁ ၊ ၂၂ တို့ ပြေးဆွဲနေသည်။

တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၈ သောင်း ၈ ထောင်တန် ၂၀၁၇ခုနှစ်၊ မတ်လထုတ် Foton ကားအစီး ၁၀၀ဖြင့် ၅၆ ယာဉ်လိုင်းနှင့် ၂၀ယာဉ်လိုင်းများကို ပြီးခဲ့သည့်နှစ် မေလ ၂၅ ရက်နေ့ကစ၍  Omin Focus ကုမ္ပဏီမှလည်း ပြေးဆွဲနေပြီး အခြား မြို့တွင်းပတ်ယာဉ်လိုင်းနှင့်ကားလိုင်းအချို့တွင် Foton ဘတ်စ်ကား အသစ်များ အသုံးပြုပြေးဆွဲနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required